BaekHyun's point of view...
ကျွန်တော် အိမ်ပြန်ရောက်တော့ တစ်အိမ် လုံးက တိတ်ဆိတ်နေ သည်မှာ ဘယ်သူ မှမရှိသည့် အိမ်လိုပင်။ မီးတွေ ထွန်းထား ပြီး လူတွေက ဘယ်သွားနေပါလိမ့်။
အပေါ်ထပ်က ကျွန်တော်တို့ အခန်းထဲ ဝင်ကြည့် လိုက်တော့ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့သူ ~ ဘာတွေများ လုပ်နေ တာလဲမသိ။ အိမ်ကို အလုပ်ယူ လုပ်တတ်တဲ့ သူမဟုတ်တာ ကြောင့် သိချင်စိတ်က တားမရ စီးမရ ဖြစ်နေ ရသည်။ ဒါပေမယ့်လဲ စိတ်ကောက် နေတဲ့ သူ့ကို ဘာမှ သွားပြန် မပြောရဲ တာကြောင့် ကုတင်ပေါ်မှာ ထိုင်ရင်း သာ သူ့ကို ကြည့်နေလိုက်သည်။
တစ်ခါလောက် အရင်လာခေါ်ရင် သိပ်ကောင်းမှာပဲ Yeol ah ...
Yeol : ပြန်လာပြီလား?
ဟင်? ကျွန်တော့် စိတ်ထဲက အတွေးကို သိနေတာများလား? ဘယ်လိုလုပ် ...
Baek : အင်း ... Yeol ah ... ဟိုလေ
Yeol : ကိုယ် ခွေးမမွေးတော့ဖူး။ Baek ပြောတာမှန်တယ်~ ကိုယ်တို့ ဂရုမစိုက် နိုင်ရင် အလကားပဲ
အိမ်မက်များ မက်နေသလား? တစ်နေရာရာ များမှားရောက် လာသလား လို့ပင် ထင်ရ လောက်အောင်ပင် အံ့သြ မိသည်။ စိတ်ကောက်နေသည်ဟု ထင်ထား ပေမယ့် မဟုတ်တာ ကြောင့် အခုမှ အသက်ရှူချောင်သွား တော့သည်။
Baek : ခဏလောက် လာဖက်ထား ပေးလို့ မရဘူးလား?
လက်နှစ်ဖက်ကို ဆန့်တန်းကာ ကလေး တစ်ယောက်ကို ခေါ်သလို ခေါ်လိုက်တော့ သုံးနေတဲ့ Laptop ကို ပိတ်ကာ ကျွန်တော့်ဘေး ရောက်လာ၏။
တစ်ယောက်ကို တစ်ယောက် ဖက်ထားရင်း ခံစားမိနေတဲ့ သူ့ကိုယ်သင်း နံ့ကြောင့် ဒီနေ့ ပင်ပန်းခဲ့ သမျှ အကုန် ယူပစ်လိုက်သလိုပင်။Yeol : ဆေးနံ့တွေ ...
Baek : ဟင် ? အင်းလေ... Yeol လိုစွဲဆောင်မှု ရှိတဲ့အနံ့တော့ မရှိဖူးရယ်
Yeol : ထားပါ ... ဒါနဲ့ ဒီနေ့ ပြန်ရောက်တာ စောလှချည်လား? 6:00 ပဲရှိသေးတယ်
Baek : အင်း ... Lay hyung နဲ့ duty change ထားတာ။ အိမ်မှာ တစ်ယောက် ယောက် စိတ်ကောက် နေတာ သိလို့လေ
သူ့ပုခုံးပေါ် မျက်နှာအပ်ထားရင်း ပြောတော့ သူကရယ်သည်။ ရယ်လို့ လှုပ်နေတဲ့ သူ့ခန္ဓာကိုယ် ကြောင့် သူ့ကို ဖက်ထားတဲ့ ကျွန်တော်ပါ လှုပ်နေ သည်xD
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~