BaekHyun's point of view...
အချိန်တွေလဲ တဖြေးဖြေး ကျော်လွန် လာတာ အခုဆို ကျွန်တော့် ကိုယ်ဝန် လဲ ငါးလတောင် ကျော်နေပြီ။ ကလေးလေး ကိုတွေ့ရဖို့ 4 လလောက်ပဲ လိုတော့ တယ်။ ဆေးရုံကနေလဲ ရက်ရှည် ခွင့်ယူ ထားလိုက်ပေမယ့် professor က အစည်း ဝေးတစ်ခုလောက် တက်ပေး ပါပြောတာကြောင့် ကျွန်တော်လဲ လက်ခံ လိုက်သည်။
တစ်ပါတ်ပဲ ကြာမယ်ဆို ပေမယ့် သွားရ မှာက အင်္ဂလန် ~ Yeol ကိုပြောရင် မသွား ရဘူး ပြောမှာဆိုးတာ မို့ အခုထိ မပြောရဲသေး။ ပြီးတော့ ဒီနေ့ ကျွန်တော် တို့ ကလေးရဲ့ gender ကိုသိရမယ့် ရက်လေ။ ဒီလို့ နေ့မျိုးမှာ Yeol ကိုမပြော ချင်သေးပါဘူး။
တကယ်တော့ ကျွန်တော် ရင်အရမ်းခုန် နေတယ်။ ကျွန်တော် အမြဲ ဒီနေ့ကို ဘယ်လို ကျော်ဖြတ် ရမယ်ဆိုတာ ကို တွေးနေခဲ့တာ။ အခုတော့ D-Day ကို ရောက်လာပြီလေ။ သားလေးပဲ ဖြစ်ဖြစ်, သမီးလေးပဲ ဖြစ်ဖြစ် ချစ်ရမှာ ပဲဆို ပေမယ့် ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ဆန္ဒ အရ သားဦး ကလေးကိုတော့ သမီးလေး ဖြစ်စေချင် မိသည်။
Yeol က အလုပ်သွားနေ တာမို့ အိမ်မှာ SunMi ကို စာပြပေးနေရင်း omma သင်ပေးထားတဲ့ နည်းနဲ့ သိုးမွေး ဦးထုပ် လေးထိုနေလိုက်တယ်။ သိပ်တော့ မသေ သပ်ပေမယ့် သမီးနဲ့တော့ လိုက်မှာပါ။ သားနဲ့ ဆိုလဲ လိုက်လောက် ပါတယ်။
SunMi : oppa ... ဒီနေ့ တူလေးလား တူမလေးလား သိရတော့မယ်ဆို
Baek : အင်း ... ပျော်စရာကြီးနော်~
SunMi ကစာရေးနေ တဲ့ ဘောပင်ကို လက်က ချကာ ကျွန်တော့် ကို စိတ်ဝင် တစား စိုက်ကြည့်လာ၏။ ကျွန်တော်လဲ ဘာလဲ ဆိုတဲ့ သဘောမျိုးနဲ့ မျက်ခုံး ပင့် ပြလိုက်တော့ ...
SunMi : SunMi ကတော့ oppa လို မိဘ ဖြစ်လာ တော့မယ် သူမဟုတ် တော့ မသိဘူး ... ဒါပေမယ့် စဉ်းစား ရ သလောက် ကတော့ ကလေး မွေးတာ အဖက်ဖက် ကနစ်နာ စရာ တွေ ချည်းပဲ။
Baek : ဘာလို့ အဲ့လို ထင်တာလဲ SunMi ah ...
SunMi : oppa ပဲစဉ်းစား ကြည့်လေ။ ဒီကလေးကို ကိုးလလောက် ဗိုက်ထဲ ထည့်ထား ရတာ လွယ်တာ မဟုတ်ဘူး။ အလှလဲ ပျက်တယ် စိတ်ကျဉ်းကျပ် ဖို့လဲ ကောင်းတယ်လေ။ ပြီးတော့ မွေးရင် လဲ သေလောက် အောင်ခံစား ရဦးမယ်။ နောက် ပြုစု ပျိုးထောင် ပေးရမယ် ... ကြည့် oppa ပြန်ရတာ ဘာရှိလို့လဲ?
DU LIEST GERADE
°•Being A Park BaekHyun°•
RomantikChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~