ChanYeol's point of view...
ဆေးရုံမသွားရ လို့ပျော်နေတဲ့ Baek ကိုကြည့် ပြီး ကျွန်တော် အလိုလို ရယ်ချင် လာသည်။ ရှက်လို့ မသွားတာ တဲ့လေ။ တစ်သက်လုံး မသွားရ မဲ့နေရာ လဲ မဟုတ်တာကို။ ပြီးတော့ ရှက်ရတဲ့ အကြောင်းရင်းကလဲ ကြည့်ဦး။ မထင်မှတ် ထားလောက် အောင် Baek မှာလဲ ကလေးဆန်တဲ့ အချက်တွေ ရှိတာ ပဲ။
ကျွန်တော် သူ့ကို ချော့ရ တယ်ဆိုတာ သိပ် မရှိတော့ သူ့မှာ အခုလို မျိုး ကလေး ဆန်တဲ့အတွေးလေးတွေ ရှိမှန်း မသိခဲ့ဘူး။ ဒါပေမယ့် နားလည်အောင် တော့ ရှင်းပြရမှာပဲ။
Yeol : Baek ...
Baek : ဟင်?
Laptop တစ်လုံးနဲ့ သူ့ဆေးစာတွေ ကြည့် နေရာက ကျွန်တော့်ကို ပြောဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်လာတယ်။ စာကြည့် မျက်မှန် လေးနဲ့ ဘယ်လို အသည်းယား စရာ ကောင်းမှန်းမသိ။
Yeol : မနက်ဖြန်လဲ ဆေးရုံသွား ရမှာပဲ ကို. Baek အခုလိုရှက် နေလို့ ဘယ်ရ မလဲ~ တစ်လောက လုံးမှာ ကိုယ်ဝန်သည် တွေမှ အများကြီး ဒီလိုပဲ သွားလာ နေကြတာပဲ ...
Baek : တခြားသူတွေကို ရှက်တာ မဟုတ်ပါဘူး။ Yeol ဒါတွေကို ဖတ်ကြည့်
သူ့ဖုန်းလေးကို ကျွန်တော့်ကို ပေးတော့ ကျွန်တော်လဲ ဆက်မပြောတော့ ပဲ ယူကြည့်လိုက်သည်။ သူတို့ သူငယ်ချင်း တွေရဲ့ group chat ပဲ။ ပို့ထားတဲ့ စာတွေ ဖတ်ကြည့်တော့ ...
[ SuHo : မင်းယောက်ျားက စွမ်းလှချည်လား BaekHyun. ကလေးယူမယ် ပြောတာ လွန်ခဲ့တဲ့ တစ်လက. အခုကိုယ်ဝန်က သုံးပတ်ဆိုတော့ ချက်ချင်းကို အကောင် ထည်ဖော်လိုက်ကြ တာပေါ့လေ ]
ဘုရား ဘုရား ... အကောင်ထည် ဖော်တယ် ဆိုပါပဲလား။
[ JongDae : မင်းဂိုးသွင်းခံလိုက်ရပြီပေါ့ ငBaek! ]
မြတ်စွာဘုရား! နားရှက်စရာတွေ. မဟုတ်ဘူး မျက်လုံးရှက်စရာတွေ။
[ KyungSoo : ChanYeol ကတော်တော် သန်တယ်နော် LOL ]
[ JongDae : ဘယ်လိုများ ဖြစ်သွားတာ လဲဟင်? ပြောတော့ တိုင်ပင် ပါဦးမယ် ဆို. မြန်တာနော် ]
[ SuHo : ဘယ်လိုဖြစ်ရ မှာလဲကွာ။ တစ်စုံ တစ်ယောက်က အကွာအကွယ် မသုံးလိုက်လို့ပေါ့ ]
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~