Episode (11)

18.4K 1.2K 104
                                    

ChanYeol's point of view...

အခန်းတံခါး အသာလေး ဖွင့်ပြီး အထဲကို ချောင်းလိုက်တော့ ကုတင်ပေါ် စောင်ကြီး ခေါင်းမှူး ခြုံကာ အိပ်နေတဲ့ Baek ကိုတွေ့ လိုက်ရသည်။ အိမ်အောက် ထပ်မှာ ပြင်ဆင် စရာရှိတာ ပြင်ဆင်ပြီး အခု ဘယ်လို သွားခေါ်ရ မလဲမသိ။

Mr.Lee ကအနောက်က ရောက်လာ ပြီး ကျွန်တော့်ကို အသာလာတို့ တာကြောင့်

Yeol : လန့်တာဗျာ။ ဘာပြောမလို့ တုံး?

Mr.Lee : အစ်ကိုလေး အောက်ဆင်း စောင့် နေလိုက်တော့ ကျွန်တော် ခေါ်လာ ခဲ့မယ်

ကျွန်တော်လဲ ဘာမှ ပြောမနေတော့ပဲ အိမ်အောက် ဆင်းလာခဲ့ လိုက်သည်။ ရင်ခုန်စွာ နဲ့ပဲ Baek ဆင်းလာမှာကို စောင့်နေလိုက်၏။ ကိုယ့်ယောက်ျား ကို မမြင်ဘူးတာလဲ မဟုတ်ပဲနဲ့ ဘာလို့ ဒီလောက်တောင် ရင်တွေ တုန်နေရတာ ပါလိမ့် ...

လှေကား ထိပ်မှာ သူရပ်နေတော့ ကျွန်တော့် စိတ်တွေ အစိုးမရတော့။ အမြဲ ရင်ခုန်အောင် လုပ်နိုင်သူ ရယ်ပါ။ Mr.Lee ကအချက်ပြလိုက်တော့ ကျွန်တော် သူ့ကို မော့ကြည့်လိုက်သည်။ လှေကား ထိပ်မှာရပ် နေတဲ့ သူက ကျွန်တော့်ကို ကြည်ပုံမပေါ်။

သူ့ရဲ့ နူးညံ့လှတဲ့ ခြေဖဝါးလေးက လှေကားရဲ့ ပထမဆုံး အထပ်ကို နင်းလိုက် ချိန်မှာ မှောင်မဲ နေတဲ့ အိမ်ထဲ ဖယောင်းတိုင် အလင်းတစ်ခု ပေါ်ထွက် လာ၏။

ဒုတိယအထစ် ~

နောက်ထပ် အလင်းရောင်လေး တစ်ခု~

တိတယအထပ်~

နောက်ထပ် အလင်းရောင် တစ်ခု~

သူက ကျွန်တော့် ဘဝအတွက် တော့ အလင်းရောင်လေး ဆိုတာကို သိစေချင် တာကြောင့်ပါ။ ကျွန်တော့်ဘဝ ထဲကို သူ ခြေစလှမ်းထဲက အခုလို အလင်းရောင် လေးတွေကိုပဲ ယူဆောင်ပေး ခဲ့တယ်။ ကလေးလေး အပါအဝင်ပေါ့~

သူ့ကို ကြည့်လိုက်တော့ တစ်ခုခု ကို ထူးဆန်းနေသလိုမျိုး။ အံ့သြနေတာ ဖြစ်မှာ ပေါ့။ ကျွန်တော်က လုပ်လိုက်ရင် အဆန်းတွေ ချည်းပဲလေ။

နောက်ဆုံးသော လှေကားထစ်ကို သူရောက်တော့ တစ်အိမ်လုံး အဝါရောင် မီးလေးတွေ ရဲ့အရောင် ဖြင့် လင်းထိန် သွား၏။ ကျွန်တော့်ရှေ့ မှာရပ် နေတဲ့ သူလဲ အခုလောက်ဆို အခြေနေကို နားလည် လောက်ပါပြီ။

°•Being A Park BaekHyun°•Where stories live. Discover now