Episode (20)

17.5K 1.1K 42
                                    

ChanYeol's point of view...

နောက်ဆုံးတော့ ကျွန်တော်တို့ နှစ် ယောက် လုံးအမြဲ စောင့်စား နေခဲ့ ရတဲ့ နေ့လေး ကိုရောက် လာခဲ့ ပါပြီ။ Due date က 25 ရက်နေ့ ဖြစ်တာ ကြောင့် သုံးရက် ကြိုစော ပြီးဆေးရုံ တက်ရ မယ့် နေ့လေးပေါ့။

ပျော်ရွှင်မှုတွေ စိတ်လှုပ်ရှား တာတွေ ကြောက်တာ တွေ စတဲ့ စိတ်ခံစား ချက် အမျိုးမျိုး က ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ကာ နေ ၏။ ကျွန်တော်တောင် ဒီလောက် ခံစားနေ ရတာ Baek ဆို ဘယ်လို ဖြစ်နေမယ် မသိ။

ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး ကျွန်တော် တို့ ဆေးရုံကို သွားဖို့ လုပ်လိုက် တော့ သည်။ လမ်းလျှောက် ဖို့တောင် ခက်ခဲ နေတဲ့ Baek ကိုသေချာ တွဲရင်း ကားထဲ မှာ သေချာ ထိုင်စေ လိုက်သည်။

လိုအပ်တဲ့ ပစ္စည်းတွေ ကိုကားနောက် ခန်းထဲ ထည့်ပြီး ကားလေးသည် လဲ ဆေးရုံ သို့ ဦးတည်လိုက် တော့၏။

°•Being A Park BaekHyun°•

ဆေးရုံကို ရောက်ရောက် ချင်း Baek အတွက် wheelchair ယူ, အခန်း နံပါတ် ပါသေချာ မေးမြန်းပြီး ကိုယ်ရေး အကျင်းတွေ ဘာတွေ ဖြည့် ပြီးမှ အခန်း ကိုရောက်တော့သည်။

အခန်းလေးက တော်တော် ကောင်းပါ တယ်။ ဒါပေမယ့် ဆေးရုံ ဆိုတဲ့ အသိကြီး ဝင်နေတော့ တစ်မျိုးပဲ။ Baek ကိုကြည့် ရတာ လဲ ကြောက်နေ သလိုပင်။ ခြေဖျား လက်ဖျား တွေ အေးစက် နေတာပဲ။

Yeol : အဝတ်အစား လဲပြီး လှဲနေ လိုက်တော့ လေBaek ...

Baek : အင်း ... ကူညီဦး ~

Baek ကို ဆေးရုံက အဝတ်အစား လဲဝတ် ပေးပြီး ကုတင်ပေါ် လှဲစေကာ စောင်ခြုံ ပေးလိုက်သည်။ ဆေးရုံက ပေးထား တဲ့ အကျီ င်္က အပြာနုရောင် bathrobe လိုမျိုးလေး မို့ Baek ပုံစံက ချစ်စရာ ကောင်းနေ ပြန်သည်။

Yeol : ချစ်စရာလေး ...

Baek : ဘယ်သူလဲ?

Yeol : ဘယ်သူရှိ ရမှာလဲ? Baek ပေါ့~ ဂါဝန်လေးနဲ့ ... ခွီးး

Baek : ဂါဝန် မဟုတ်ပါဘူးနော်! ဒါ ကလေး မွေးမယ့် လူတိုင်း ဝတ်ရတာ။ Yeol ရော bathrobe မဝတ်ဘူးလား ပြော?!

Yeol : အောင်မလေး ... စွာလိုက်တာ~ အရင်က အဲ့လို မ ဟုတ်ပါဘူး။

Baek : တော်စမ်းပါ ... ဟွန့်

°•Being A Park BaekHyun°•Where stories live. Discover now