BaekHyun's point of view...
Sunday~ တစ်ပါတ်တာ လုံးရဲ့ တစ်နေ့ ထဲသော အားလပ်ရပ်လေး။ Yeol ရော ကျွန်တော်ရော တစ်နေ့လုံး အတူတူ ရှိ နေလို့ ရတယ်လေ။ ခက်တာက ကျွန်တော် ရဲ့ morning sickness ကြီး။ ခေါင်းမူတာလိုလို အန်ချင်တာလိုလို နဲ့ ဘာမှန်း မသိတဲ့ ခံစားချက် ကြီး ကိုခံ စား နေရတယ်။
မနေ့ညကလဲ 9:30 လောက်ထဲက ကျွန်တော် ဘာမှ မသိတော့ အောင်ကို အိပ်တာ။ Yeol ဘောလုံးပွဲ ကြည့်ပြီးဝင် လာတဲ့ အချိန်တွေ ဘာတွေ တောင် မသိတော့။ အခုလဲ 11:00 နာရီ ထိုးနေ ပြီ အိပ်ယာပေါ်မှ တခွေခွေ။ ရေချိုး ပြီး Yeol shirt အကျီ င်္ အဖြူ နဲ့ ဒူးအောက် ဘောင်း ဘီ ဝတ်ပြီး ပြန်အိပ်နေတာ။
Yeol ကတော့ တစ်ပါတ် တာ လက်စမသက် ရ သေးတဲ့ အလုပ်လေး တွေကို ကုတင် ပေါ် ကျွန်တော် အိပ်နေတဲ့ ဘေး ဝမ်းယား မှောက်ကာ Laptop တစ်လုံးရယ် စာရွက် စာတမ်း တွေရယ်နဲ့ အလုပ် ရှုပ် နေပုံပင်။ ကျွန်တော်လဲ မအီမသာ ကြီး ဖြစ်နေတာမို့ ဘာမှ မပြောတော့ ပဲမှေးနေ လိုက်သည်။
ဒါပေမယ့် ခေါင်းတစ်ချက် ထိုးကိုက် လိုက် တာကြောင့် တစ်ချက် သည်းလိုက် မိတော့ Yeol က ...
Yeol : နေသာရဲ့လား Baek? အရမ်းကြီး ခံရခက်ရင် LuHan Hyung ဆီပဲ ဖြစ်ဖြစ် သွားမလား?
ကျွန်တော့် လက်မောင်းကို အသာလေး ပွတ် ကာပြောလာတဲ့ သူ့ကို နဖူးပေါ် လက်တင်ရင်း မျက်စိ မှိတ်လျက်ပင် ခေါင်းခါ ပြလိုက်သည်။ ဒါ သဘာဝ ပဲလေ။ ကျွန်တော် တစ်ယောက်ထဲ ဖြစ် တာမှ မဟုတ်တာကို။ သည်းခံ ရမှာပေါ့။
Yeol : မနက်ထဲက ဘာမှလဲ မစားဘူး။ တစ်ခုခု စားမလား? ဘာစားချင်လဲ? ကိုယ် ကြားဘူးတာ ကတော့ ကိုယ်ဝန် ရှိ နေရင် တစ်ခုခုကို အရမ်း တောင့်တ ပြီး စားချင် တတ်တယ်တဲ့ ~ Baek က ကိုယ့်ကို စားချင်တာ တွေဘာတွေ လဲ မပြောဘူး။
Baek : Baek စားချင်ရင် ပြောပါ့မယ်~
ချင်ခြင်းတတ် တာကတော့ ဖြစ်တာ ပေါ့။ ကျွန်တော်လဲ လူပဲ။ ဒါပေမယ့် ကျွန်တော် စားချင်တာက သရက်သီး။ အခုက သရက်သီး ပေါ်တဲ့ ရာသီလဲ မဟုတ် တော့ အလကား သက်သက် Yeol ကို ပြောလိုက်ရင် လိုက်ရှာ နေရတာ နဲ့ ပင်ပန်း မှာဆိုး လို့ပါ။ တကယ် တော့ သရက်သီး စားချင်လို့ တခြား စားတဲ့ ဟာ တွေတောင် အရသာ မရှိ။
![](https://img.wattpad.com/cover/99674186-288-k105709.jpg)
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~