ChanYeol's point of view...
မနေ့က ညစာစားပြီး မေမေတို့ ပြန်သွားထဲက Baek ကျွန်တော့်ကို မျက်နှာချင်း မဆိုင်တော့။ တော်တော် ရှက်သွားသည့်ပုံပင်။ ငိုတောင် ငိုတယ် ဆိုတော့ ... အခုလဲ မနက်အစော ကြီး ထပြီး စာထိုင်ကျက်နေ လေရဲ့။
Yeol : ဘာစာတွေ ကျက်နေတာလဲ? ကျက်လို့ကို မပြီးနိုင်တော့ဖူး
Baek : ဆရာဝန်ဆိုတာ သေတဲ့ ထိ စာကျက်ရတယ်တဲ့ ~ Yeol ပျင်းလို့လား
မေးတတ်ပါ့။ ပျင်းလို့လားတဲ့. ရှားရှား ပါးပါး နှစ်ယောက်တူတူ စုံတဲ့ ပိတ်ရက် လေးကို သူမလို့ စာကျက်ဖို့ တွေးတယ်။ အမြင်ကတ် လိုက်တာ။ အစထဲက စာကို ချစ်ရင် အဲ့စာတွေနဲ့ပဲ ယူပေါ့!
Yeol : မပျင်းဘူး~ လုံးဝ မပျင်းဘူး။ ကျက် ကျက်! အဲ့စာပဲ တစ်နေ့ ကုန်ထိုင် ကျက်။ လာမခေါ်နဲ့
အဲ့တော့ မှ စာအုပ်ကို ပိတ်ပြီး ပျာပျာ သလဲထလာသည်။ မမှီတဲ့ အရပ်ကို အတင်းခြေဖျား ထောက်ပြီး ~
Baek : ဟင့်အင်း... မကျက်တော့ဖူး. စာတွေက ရနေပါပြီ။ Yeol ဘာလုပ် ချင်လဲ? ဘာလိုချင်လဲ? ဘယ်သွားချင်လဲ? ဘာစားချင်လဲ ပြောလေ~
ဟုတ်ပါတယ်~ ကျွန်တော့် ရဲ့ Park BaekHyun ကဒီလို မျိုးပါ။ မျက်နှာ တစ်ချက် ပျက်တာနဲ့ မနေတတ် မထိုင်တတ် တွေ ဖြစ်တော့တာပါပဲ။ အဲ့လို ချစ်တတ်လွန်းတဲ့ သူလေးကို ဘယ်သူကရော မချစ်ပဲ နေမှာလဲ~
Yeol : ဘာမှလဲ မလိုချင်ဖူး။ ဘယ်မှာလဲ မသွားချင်ဖူး။ ဘာမှလဲ မလုပ်ချင်ဖူး။ ကိုယ် နေမကောင်းတုန်းက ပြုတ် တိုက်တဲ့ ဆန်ပြုတ် သောက်ချင်တယ်~ လုပ်ကျွေး
Baek : ဒါဆို Baek လုပ်ပေးမယ်လေ။ အခုစားတော့မလား?
Yeol : အခုမစားသေးပါဖူး. အခုမနေ့က မစားလိုက်ရတာ ကိုစားမလို့
Baek : မနေ့က Yeol ဘာမစား လိုက်ရ လို့လဲ? အမေယူလာတဲ့ ဟင်း ... ...
သူ့စကားမဆုံးခင် ကျွန်တော် အခန်းတံခါး ကိုလော့ခ် ချကာ သူ့ ကိုယ်လေးကို ပွေ့ချီ ပြီး ကုတင်ပေါ် အသာချ ကာ အပေါ်က အုပ်မိုး လိုက်သည်~
Yeol : မနေ့က Park BaekHyun ကို မစားလိုက် ရဖူးလေ... အဲ့တော့ အခု မနေ့က ဇာတ်လမ်းလေး ပြန်ဆက် ရအောင်~
ESTÁS LEYENDO
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~