Episode (28)

15.4K 1K 14
                                    

ChanYeol's point of view...

သားပါးစပ်က ထွက်လာတဲ့ ပထမဆုံး စကား ~ appa တဲ့လား။ သူ့လက်လေး နှစ်ဖက်ကို သူဆော့ရင်း ကျနော့်ကို ပြူး တူးလေး ကြည့်ကာ ခေါ်လိုက်တဲ့ အသံ သေးသေးလေးက appa တဲ့လား။ ရင်ထဲ ကြည်နူးမှုလေး လှိုက်ကနဲ ဖြစ်လာကာ မျက်ရည်တို့တောင် ဝဲလာရသည်ထိ။

Baek ကသားကို ကောက်ချီကာ ကျနော့် ကို တစ်လှည့် သားကို တစ်လှည့် အံ့သြ တစ်ကြီး ကြည့်လာ၏။

Baek : appa တဲ့ Yeol ah ~ appa တဲ့! သားက Yeol ကို appa တဲ့ ...

ဝမ်းသာလွန်းလို့ အသံတွေ တောင် တုန် နေတဲ့ Baek ကြောင့် ကျနော် အမြတ်တ နိုး ပြုံးလိုက် မိသေးသည်။ သားက တော့ ဘာကို သဘောကျနေသည်မသိ။ တခစ်ခစ် ရယ်နေ၏။

Yeol : သားလေး ... ထပ်ခေါ်ကြည့်ပါ လား? APPA ~ လို့

တခစ်ခစ် ရယ်နေတုန်း။ ထပ်ပြောခိုင်း တော့ကျ မပြောတော့ဘူး။ စိတ်ပုတ်လေး ပါလား? Baek အကျီ င်္စကို အတင်း လှမ်း ဆွဲနေတာ ကြောင့် ဗိုက်ဆာ နေပြီ ထင် ပါရဲ့။ Baek ကသားကို ရင်ခွင်ထဲ ပွေ့ လိုက်ပြီး ချိုချိုတိုက် နေတူန်း ...

"om ... ... ... ma"

Baek ကိုမော့ ကြည့်ပြီး တစ်လုံးချင်း ထွက်လာတဲ့ မပီမပြင် စကားသံလေး။

သားပထမဆုံး စကားစပြောတာဟာ ကျနော်တို့ နှစ်ယောက် ဖြစ်နေ တာမလို့ အခုချိန် အပျော်ဆုံး လူသားကို ပြပါ ဆို လျှင်လဲ ကျနော်တို့ နှစ်ယောက်ပင် ဖြစ် လိမ့်မည်ထင်သည်။

°•Being A Park BaekHyun°•

omma, appa ပဲ တတ်တဲ့ သားက နောက်ပိုင်း သင်ပေး စရာမလို အောင် ကျနော်တို့ နှစ်ယောက်ကို တွေ့တာနဲ့ တစ်ချိန်လုံး ခေါ်နေတတ်၏။ အခုလဲ ကျနော်တို့ ညစာစားရင်း Baek က တပြိုင် ထဲသားကို ဖြည့်စွက်စာ ကျွေးနေ တာ ထမင်းစားပြီး ချိန်ထိ မကုန်သေး။

ကျနော် ပန်းကန်တွေ ဆေးပေး နေတုန်း Baek က သားထိုင်နေတဲ့ ကလေး ထိုင်ခုံ လေးကို သူ့ရှေ့ တည့်တည့်ကို ဆွဲလိုက် ၏။ ပိုပြီး နီးကပ်သွားအောင် ခြေထောက် နှစ်ဖက်ကို ကားလိုက်ပြီး ခုံကို ခြေ ထောက် ကြားထဲ သွင်းလိုက် သေးသည်။
ပြီးတော့ ပန်းကန်ကို ယူကာ ...

°•Being A Park BaekHyun°•Where stories live. Discover now