BaekHyun အိပ်နေရင်း ခန္ဓာကိုယ်မှာ တစ်ခုခုလေးလံသလို ခံစားလိုက်ရသည်မို့ အိပ်မှုံစုံဝါးဖြစ်နေသည့် မျက်လုံးတွေကို အတင်းအားယူကာဖွင့်လိုက်ရသည်။ မျက်နှာကျက်တွင် ပိတ် ထားသော မီးဆိုင်းကိုတွေ့သည်ထိ သူအပြည့်အဝနိုးသေးတာတော့မဟုတ်။ သို့ပေမယ့် အချိန်ကြာလေ ပိုဆိုးလာသည့် ခံစားချက်ကြောင့် ဘေးနားတွင်အိပ်ပျော်နေသေးသော ChanYeol ကိုလှုပ်နှိုးလိုက်သည်။
Baek - Yeol ..
တအင်းအင်းဖြင့် ဟိုဘက်လိမ့်သွားလိုက် ဒီဘက်လိမ့်လိုက် လုပ်နေတာမို့ BaekHyun ဗိုက်ကိုမတိုက်မိအောင်ပင် သတိထားလိုက်ရသည်။ သူဝါအောင်လိမ့်ပြီးမှ ChanYeol ငုတ်တုတ်ထထိုင်လိုက်၏။
Yeol - ဘာဖြစ်လို့လဲ Baek ..
Baek - နေရတာမကောင်းဘူး..
Yeol - ဟုတ်လား? ဘယ်လိုဖြစ်တာလဲ?
Baek - မသိဘူး။ အောက်ပိုင်းတွေ အရမ်းလေးနေတယ်။ လမ်းလျှောက်ချင်တယ် yeobo ..
လမ်းလျှောက်ချင်တယ်ဆိုလို့ ChanYeol နာရီကိုကြည့်လိုက်တော့ နံနက် ၄နာရီ။ အပြင်ဘက်တွင်မှောင်နေသေးသည့် အပြင် အေးလဲအေးသည်မို့ BaekHyun ကိုထူရင်း အခန်းတွင်းသာ ကိုယ်လက်လှုပ်ရှားစေသည်။
Baek - သမီးလေးက အဆင်ရောပြေရဲ့လားမသိဘူး
မှန်ရှေ့တွင်ရပ်ကာ အင်္ကျီကိုလှန်တင်ရင်း ဘေးစောင်းအနေအထားဖြင့် သူ့ဗိုက်ကိုကြည့်ကာ BaekHyun ကပြောသည်။ မိန်းကလေးမဟုတ်လျှင် စိတ်ဆင်းရဲရမှာကြောင့် ဗိုက်ထဲက ကလေးကို ultrasound မရိုက်ကြည့်ရသေးတာမို့ BaekHyun နည်းနည်းတော့ စိုးရိမ်လာသည်။ သူ့ခြေထောက်တွေဟာလဲ သွေးမရှိသလို ဖြူဆုတ်နေပြီး လက်တွေအထိပါ ဖောရောင်နေသည်လေ။
Yeol - LuHan hyung ဆီသွားမလား Baek?
Baek - သွားရင်ကောင်းလားမသိဘူး။ ဒါပေမယ့် ကလေးတွေ...ahhhhhhh!!!
စကားပြောနေရာမှ ရုပ်တရက်ထအော်ကာ ဘေးမှဘီရိုကို လက်ထောက်၍ မှီလိုက်သော BaekHyun ကြောင့် ChanYeol အလင်းအရှိန်နှုန်းနှင့် အနားသို့အမြန်ရောက်သွားသည်။
Yeol - ဘာဖြစ်တာလဲ!!
Baek - ahhh !!
Yeol - Baek.. !!!
*• Being A Park BaekHyun •*
ဆေးရုံခန်းတွင်း တန်းဆီတိုင်နေသော ကလေးလေးယောက်ကိုကြည့်ပြီး LuHan ရယ်လိုက်မိသည်။ အကုန်လုံးက တစ်ရုပ်ထဲထွက်သည့်အပြင် ChanYeol ကိုမိတ္တူကူးထားသည့် အတိုင်းပင်။ ကလေးတွေကတော့ ကုတင်ပေါ်ဆေးပိုက်တန်းလန်းဖြင့် ငိုနေသည့် သူတို့ omma ကိုကြည့်ကာ ငိုမဲ့မဲ့ဖြစ်နေကြ၏။
ChanYeol လဲ BaekHyun ကိုဘယ်လိုနှစ်သိမ့်ရမလဲမသိတော့ပါ။ အကူညီတောင်းသလို Luhan ကိုလှည့်ကြည့်ပေမယ့် ကူညီချင်ပုံမရ..။
Yeol - မငိုပါနဲ့ကွာ။ ယောက်ျားလေးဆိုတော့ရော ဘာဖြစ်လဲ? ကိုယ်တို့သွေးသားပဲကို။
ငိုနေဆဲ။
Yeol - ပင်ပန်းတယ်လေ Baekရာ။ ဘာလို့ငိုနေမှာပဲ။ သားငါးယောက်ဆိုတော့ရော ဘာဖြစ်လဲ..
မနက်ကအစောကြီးဆေးရုံကိုရောက်လာသည့် သူတို့နှစ်ယောက်။ ကလေးက စလှည့်နေပြီမို့ BaekHyun ဗိုက်နာလာခြင်းပင်။ LuHan တစ်ခါတည်းဆေးရုံတတ်ခိုင်းကာ အချင်း ကလေး၏ လည်ပင်းမှာ ပတ်နေမည်ကို သိချင်တာမို့ ultrasound ရိုက်ရာမှ Park စုံတွဲ၏ နောက်ဆုံးကလေး...သူတို့မိန်းကလေးပါလို့ 100 % ယုံကြည်ခဲ့သည့် ကလေးလေးသည် ယောက်ျာလေးဆိုသည့် အဖြေပဲထွက်လာသည်။
ဝမ်းနည်းပက်လက်ဖြစ်နေသော BaekHyun ကို သူတို့လဲ မချော့တတ်တော့ပါ။ နောက်ဆုံးကလေးဖြစ်တာမို့ BaekHyun အရမ်းကိုမျှော်လင့်ခဲ့တာလေ။
Yeol - Baek ... တိတ်ပါကွာ။ ဟိုမှာ ကလေးတွေကြည့်နေပြီ။
Baek - အဲ့တာ Yeol ကြောင့် ..
Yeol - ဟုတ်တယ်..ဟုတ်တယ်.. ကိုယ့်ကြောင့်။ အဲ့တာမို့ မငိုနဲ့တော့နော်။ သားတို့လဲငိုတော့မယ် Baek ငိုတာနဲ့..
LuHan - မကြီးမငယ်နဲ့ တိတ်တော့။
Baek - hyung ကလဲ ..
LuHan - ကဲ.. သားတို့ အပြင်မှာ ဘိုးဘိုးဘွားဘွားတို့ စောင့်နေတယ်.. သွားစောင့်နေလိုက်နော်
"Nae ..."
LuHan - ကဲ Park BaekHyun.. ချွတ်
*• Being A Park BaekHyun •*
😆😆😆😆😆 အလုကြမ်းချက်
ကတိအတိုင်းတင်ပေးတာနော်😌
နောက်တစ်ပိုင်းထပ်ရေးပေးမယ်
တို့ရောင်းတာဝယ်ကျ😆
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~