အားလုံးပဲ မင်္ဂလာပါ ...
နားလည်မှုလေးတွေလွဲနေကြလို့ အစ်မပြောပြချင် တာလေးပါနော်။
အစ်မကမြင်းခြံမှာနေတာပါ။ Fic Book အတွက် လိုအပ်တဲ့ ကိစ္စမှန်သမျှ ( အမရာ page နဲ့ စကားပြောတာကအစ ) အစ်မသူငယ်ချင်းကပဲ လုပ်ပေးတာပါ။
သူငယ်ချင်းကလဲ စာသင်ရတဲ့သူဆိုတော့ တစ်ပါတ်လုံး မအားပါဘူး။ စနေတနင်္ဂနွေမှာလဲ သူစာသင်ရပါတယ်။ ပြီးခဲ့အပါတ် စနေနေ့က Ice Berry ကို တစ်ယောက်ပဲ လာပါတယ်။ လာမယူဖြစ်ဘူး ပြောထားတဲ့ ညီမလေးတွေ တော့ရှိပါတယ်။
နယ်ကိုပို့ဖို့နဲ့ Deli အတွက် ပါဆယ်လေးတွေ ထုတ်ထားပြီးပါပြီ။ ကြာနေလို့တောင်းပန်စာလေးတွေ တောင်ရေးပြီး စာအုပ်ကြားထဲ ညှပ်ထည့်ပေးထားပါတယ်တဲ့။
အစ်မပြောချင်တာ အစ်မတို့မလိမ်ပါဘူး။ လက်ထဲမှာ စာအုပ်တွေရှိပါတယ်။ အမရာ page မှာလဲ စာအုပ်ပုံလေးတင်ထားပါတယ်။ စာအုပ်လေး Give Away လေးလဲ ပေးတဲ့ထဲပါပါသေးတယ် <3
အဲ့တာကြောင့် စိတ်မပူကြပါနဲ့နော်။ ဒီတစ်ပါတ် စနေနေ့ကိုလဲ 1:30 ကနေ 2:30 အထိ Ice Berry (လှည်းတန်း) မှာရှိနေပါလိမ့်မယ်။
09252225173 ဖုန်းကိုဆက်လို့ရပါတယ်။
Deli နဲ့နယ်ကိုတော့ ပို့မယ့်နေကို တစ်ယောက်ချင်း ဖုန်းဆက်ပြောပေးပါမယ်။ လုံးဝမကြာပါဘူး။ လာမယ့် တနင်္သာ အဂါင်္ နှစ်ရက်လုံး လိုက်ပို့ပေးမှာပါ။ နယ်ကသူတွေကိုတော့ တနင်္သာနေ့ အကုန်ပို့ပေးပါ့မယ်။ ပြီးခဲ့တစ်ခေါက်က ပို့မယ်ဆိုတော့ ခရီးသွားမယ့်သူလေးတွေ များနေတာရယ် စာတိုက်က ပိတ်ရက်တွေရယ်ကြောင့် မပို့ဖြစ်တာပါ။
ပထမဆုံးတစ်ခေါက်ဖြစ်လို့ အစ်မတို့ လိုအပ်ချက်တွေ များသွားတယ်လို့ ထင်ပါတယ်။ နောက်ပိုင်းတွေမှာ အခုလိုတွေ မဖြစ်အောင်လဲ ပိုကြိုစားသွားမှာမလို့ နားလည်ပေးကြပါနော်။
နောက်ထပ်ပြောချင်တာလေးကတော့ 'Being A Park BaekHyun' ကိုပထမတစ်ခေါက် မမှာလိုက်ရတဲ့ ညီမလေးတွေ အစ်မတွေလိုချင်လို့ လာပြောကြတာ ရှိပါတယ်။ အစ်မက facebook မသုံးလို့ မှာချင်တယ် ဆိုရင် message လာပို့ပေးပါနော်။ အခု message ပို့ထားတဲ့ သူတွေကိုလဲ စာမြန်မြန်ပြန်ပေးပါ့မယ်။
ဒုတိယအသုပ်အတွက် order တွေက စကောက်နေပါပြီနော်။ message ပို့ပြီးမှာလို့ ရပါတယ်။
ကျေးဇူးတင်ပါတယ်။
နောက်ထပ်တစ်ခုကတော့ ChanBaek shippers တွေအတွက် ထူးထူးခြားခြား ဖြစ်စေမယ့် Big News တစ်ခုကို ပြင်ဆင်နေပါတယ်။ အားလုံး စိတ်ဝင်စားမလား ဆိုတာ မသိပေမယ့် အကောင်းဆုံး ပြင်ဆင်ပြီး သတင်းလေးချပြတဲ့အခါ စိတ်ဝင်စားပေးကြပါဦးလို့ ... ...။
BINABASA MO ANG
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~