Extra (Final)

9.6K 553 6
                                    

တဖြေးဖြေးတိုက်ခတ်နေတဲ့ လေထုသည် လတ်ဆတ်လွန်းလှသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် စိတ်ကြည်လင်စေပြီး မျက်စိတစ်ဆုံး တွေ့မြင်နေရသော ပင်လယ်ပြင်သည် အေးချမ်းယာမှုကို ဦးဆောင်လေ၏။

ဟာဝိုင်အီ~¡

အပူပိုင်းဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိအကျဆုံး နေရာတစ်ခုထဲ အပါအဝင်ဖြစ်သည်။ နိုင်ငံပေါင်းစုံမှ အပန်းဖြေခရီးသွားများဖြင့် အမြဲတစေ စည်ကားနေသော နေရာလေးတစ်ခုအဖြစ်ပေါ့။

မင်္ဂလာနှစ်ပတ်လည်နေ့ ခရီးထွက်ခြင်းကို Park ChanYeol ကျကျနနကိုစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ လေးလလောက် စိတ်ပင်ပန်း လူပင်ပန်း ဟိုသူ့ အကူညီတောင်း ဒီသူ့ အကူညီတောင်းဖြင့် BaekHyun စိတ်ကြိုက်ဖြစ်ဖို့ သူကြိုးစား ပြင်ဆင်ခဲ့ရသည်။ air-line, hotel နဲ့ ဟာဝိုင်အီဆိုသည့် နေရာတစ်ခု… အားလုံး BaekHyun သဘောကျ ဖြစ်အောင် လိုလေးသေးမရှိ ပြင်ဆင်ခဲ့ခြင်းပင်။

ကလေးငါးယောက်ကို နှစ်ဖက်မိဘထိန်းထားခိုင်းပြီး နှစ်ယောက်ထဲ ကိုယ်လွတ်ရုန်း ခရီးထွက်လာခြင်း။

'အာာာ… ကလေးတွေမရှိတော့လဲ တစ်မျိုးနားအားတာပဲ'

ကုတင်ပေါ်အပျင်းကြောပြတ်ထွက်မတတ်ဆန့်ရင်း ChanYeol ပြောလိုက်တော့ ညစာစားဖို့ အပြင်ထွက်ရန် အဝတ်စားလဲ ပြင်ဆင်နေသည့် BaekHyun ကခပ်ဖွဖွရယ်သည်။

'အဘိုးအဘွားတွေတော့ သေချင်စိတ်ပေါက်နေတော့မယ် ထင်တယ်။ ဖုန်းဆက်ကြည့်ကြမလား?'

'ဟာာာ တော်တော်… အငယ်ကောင်က ယုံရတာမဟုတ်ဘူး။ Baek အသံကြားရင် မိုးမီးလောင်သွား လိမ့်မယ်'

'ကလေးတွေဘယ်လိုနေမလဲသိချင်လိုက်တာ'

ဘဝရဲ့အချိန်အပိုင်းခြားတစ်ခုကို ကလေးတွေနဲ့ ဖြတ်သန်းလာလို့ အပြီးမှာတော့ အရင်လို နှစ်ယောက်ထဲ အတူတူရှိနေတဲ့ အချိန်တွေကို လိုချင်သော်ငြား နှစ်ယောက်ထဲ ရှိနေရတော့ ဟာတာတာနိုင်လှသည်။ ခါတိုင်း ညစာစားဖို့ ကလေးတွေကို လိုက်ဂရုစိုက်နေရတာနဲ့ ဖတ်ဖတ်မောနေတဲ့လူက အခုတော့ အေးဆေး ကုတင်ပေါ် လှိမ့်တဲ့သူကလှိမ့် ပဲများတဲ့သူကများဖြင့် သာယာနေလေ၏။

°•Being A Park BaekHyun°•Where stories live. Discover now