BaekHyun's point of view...
မနက်ခင်းအိပ်ယာက နိုးတော့ ဘေးက နေရာလေးက လစ်ဟင်းလို့နေသည်။ အဖြူစွတ်စွတ် ခေါင်းအုံးပေါ်က ပန်းနုရောင် စာရွက်လေးနဲ့ လက်ရေး ခပ်သော့သော့လေး ကနေရာယူ လျက်ရှိ နေ၏။
အနည်းငယ် ဝေဝါးနေသေးသော မျက်လုံး တွေကို ပွတ်သပ်လိုက်ပြီး ကုတင်ပေါ်မှ ထကာ စာရွက်လေးကို ယူကြည့် လိုက်သည်။
"ကိုယ်အစည်းဝေး ရှိလို့ သွားပြီ. စောစောုပြန်လာခဲ့မယ်။ စားချင်တာ ရှိရင် ဖုန်းဆက် လိုက်။ Duty off တဲ့နေ့ မှာ နားနေနော်. အလုပ်တွေ လျှောက်လုပ် မနေနဲ့ ... saranghae~"
စာလေးကို အဆုံးထိ ဖတ်ပြီးတော့ မဖိတ်ခေါ်ပဲ ရောက်လာပါတဲ့ အပြုံး တစ်ပွင့်။ နေ့တစ်နေ့ကို စတင်မယ့် မနက်ခင်းမှာ ကျွန်တော့်ကို အပြုံးနဲ့ နိုးထ စေချင်သူရယ်ပါ။
စာရွက်လေးကို သေချာ ခေါက်ပြီး အမြဲကိုင်နေကျ ပိုက်ဆံ အိတ်လေး ထဲထည့်သိမ်းထား လိုက်သည်။ သူနဲ့ ပက်သတ်တာ အားလုံးက ကျွန်တော့် အတွက် တန်ဖိုး ကြီးတာ တွေချည်းပဲလေ။
ရေချိုးမျက်နှာသစ်လိုက်ကာ အိမ်နေရင်း ပေါ့ပေါ့ပါးပါး အကျီ င်္လဲဝတ်ထား လိုက်သည်။ ဆောင်းတွင်းထဲ ရောက်လာ ပြီမို့ ရာသီဥတုက လဲနည်းနည်း အေးစိမ့် စိမ့်ဖြစ်လာပြီ။ ကျွန်တော့်တို့ နှစ်ယောက် ရဲ့ဗီရိုကို ဖွင့်လိုက်ပြန်တော့ နွေရာသီ ဆို အနွေးထည်တွေ သိမ်းထား တတ်တဲ့ အကျင့် ကြောင့် လက်ရှည် ထူထူ ထည်းထည်း မရှိ။
အောက်ထပ်ဆင်းပြီး အနွေးထည်တွေ ထုတ်ဖို့ အဒေါ်ကြီးကို အကူညီ တောင်းလိုက်သည်။ အငြိမ်ထိုင် မနေတတ် တာလဲ Yeol အမြင်ကပ် တဲ့ကျွန်တော့် အကျင့်တစ်ခု။
Arjima : အစ်ကိုလေး. အနွေးထည် တွေ အကုန်ယူမှာလား?
Baek : nae ... Yeol ဟာတွေ များများ ထုပ်ခဲ့ပါ arjima..
Arjima : အစ်ကိုလေး Park ရဲ့ အကျီ င်္နဲ့ သား အကျီ င်္တွေကို arjima က သေချာ မသိဘူးရယ်။ အကျီ င်္တွေရှင်းတာ အမြဲ သားပဲ လုပ်တာဆိုတော့ ...
Baek : အာ ... ဒါဆို ကျွန်တော်ပဲ ထုပ်လိုက် တော့မယ် arjima. ကျွန်တော် ဗီရို ရှင်းချင်လို့ အထဲက အကျီ င်္တွေပဲ အကုန်ထုပ်ပြီး ကုတင်ပေါ် တင်ပေး ထားပါ့လား။
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~