Episode (5)

18.6K 1.2K 39
                                    

ChanYeol's point of view ...

BaekHyun နဲ့လက်မထပ်ခင်က ကျွန်တော် နေခဲ့တဲ့အခန်းလေး~ အရင်တိုင်းပဲ မပြောင်းလဲ သေးပါဘူး။ BaekHyun နဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာတာ 3 ရက်။ တစ်ရက်မှ အိမ်က မယ်တော် ကြောင့် နားအေး ရတယ်လို့ ကိုမရှိ။ ဆင်းလာရ မလားဆိုပြီး ဆူနေတာ မပြီးနိုင်တော့ဘူး။ အမြဲ ကိုယ့်သား ဘက်ကမပါပဲ သမက် ဘက်က ပါတယ်။

စိတ်ကောက်ပြီး အိမ်ပေါ်က ဆင်းလာ ကာမှ အခုအမေကို ထပ်စိတ်ကောက် ကာ တစ်နေ့ကုန် အခန်းထဲက မထွက်။ ဂူအောင်းသိုင်းကျင့် နေသလိုပင်။ ကုတင်ပေါ် ထိုင်နေရင်း အခန်းထောင့်က ဂစ်တာလေးကို အကြည့်ရောက် မိတော့ အရင်တုန်းက အကြောင်းတွေ ခေါင်းထဲ ရောက်လာ ပြန်သည်။

စာမေးပွဲ မဖြေနိုင်လို့ စိတ်ညစ်နေတဲ့ သူ့ကို ကျွန်တော် ဂစ်တာတီးပြ ခဲ့ဘူး သည်။ ကျွန်တော် ဘာလုပ်လုပ် သဘော ကျတတ်တဲ့သူ က အဲ့ချိန်တွေ တုံးက ကျွန်တော့်ကို အတောက်ပဆုံး ရယ်ပြီး ကြည့်နေခဲ့တာ~ ကျွန်တော် ပေါက်ကရ လေးဆယ် လျှောက်စပ် ထားတဲ့ သီချင်း တိုင်းကိုလဲ နားထောင်ပေး သေးသည်။ ပြီးတော့ အမြဲ ညာပြောသေး၏။

'Yeol ah ... အရမ်းနားထောင်လို့ ကောင်းတာပဲ' လို့လေ.

ရန်ဖြစ်တုန်း ကကျွန်တော် ပြောလိုက်တဲ့ စကားတွေက သူ့ကို တော်တော် ထိခိုက် လိမ့်မယ်ဆိုတာ သိနေပေမယ့် အနိုင်လို ချင်စိတ်ကြောင့် စိတ်ထဲရှိတာ ကို တစွတ်ထိုး လျှောက်ပြောခဲ့တာ။ အဲ့နေ့က သူ့မျက်လုံးတွေကို ကြည့်တာနဲ့ သူ ဘယ်လောက် ဝမ်းနည်းနေ မလဲ ဆိုတာ ခန့်မှန်းလို့ ရသည်။

ဒါပေမယ့်လဲ ကျွန်တော့် အကျင့်ကိုက အနိုင်ယူတတ် လွန်းတာမို့ အဲ့မျက်လုံး တွေကို လျစ်လျူ ရှုံ့ခဲ့သည်။ ဖုန်းလေး တစ်ချက် တစ်ချက် မြည်လာတိုင်း ပေါ်လာ တဲ့ contact name ကိုကြည့်ုပြီး စိတ်မကောင်း ဖြစ်မိပေမယ့် ဖုန်းကို တော့မကိုင်မိ။ အမြဲ အိမ်ထိ လာချော့မှ စ်တ်ကောက်ပြေတာကလဲ အကျင့်ဖြစ်နေ ပြီ။

ကုတင်ပေါ်က ထကာ ပြတင်းပေါက် ဘက်ကို သွားလိုက်တော့ ခြံရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီး. တိတိကျကျ ပြောရ ရင်တော့ BaekHyun ကား။ ပြန်လာ ချော့တယ်ဆိုတဲ့ အသိကြောင့် စိတ်ထဲမှာ မရိုးမရွကလဲဖြစ်။ သုံးရက်လေး ခွဲရတာကို တွေ့ချင်တာ ကလဲ တစ်ပိုင်းကို သေနေပေမယ့် လို့ ဟန်ဆောင်ကာ ကုတင်ပေါ် တက် စောင်ခေါင်းမှူး ခြုံကာ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

°•Being A Park BaekHyun°•Donde viven las historias. Descúbrelo ahora