Episode (7)

18.3K 1.1K 72
                                    

BaekHyun's point of view...

ဆေးရုံကပန်းခြံလေးထဲ MiNa လေးကို ခဏပေးကစား လိုက်ပြီး ကျွန်တော်က တော့ အပြစ်ကင်းစင်လွန်းတဲ့ ကလေးတွေကို သာ သဘောတကျ ထိုင် ကြည့်နေလိုက်သည်။ ကျွန်တော်ကိုယ် တိုင်လုပ်ပေးထားတဲ့ မသေသပ်တဲ့ စွန်လေးကို ကိုင်ကာ ပြေးလွှားဆော့ နေတဲ့ MiNa လေးကလဲ တော်တော် ပျော် နေပုံပင်။

ကလေးဆိုတော့လဲ ဘာအပူပင်မှ မရှိဘူး ပေါ့။ MiNa ဆေးရုံကိုရောက် တာနှစ် ပတ်ရှိနေပေမယ့်လို့ သူ့ရဲ့အဖေကို တော့ တစ်ခါမှ မတွေ့ရသေး။ ကိုယ့်သားသမီး ကိုတောင် သေချာ တာဝန် ယူနိုင်သည် မထင်။ ကလေးက ဒီလောက် နေမကောင်း ဖြစ်နေတာကို။

ဒီနေ့မှ ကျွန်တော် တွေးလိုက်လို့လား မသိ။ MiNa က လူတစ်ယောက်စီ ဝမ်း သာအားရ ပြေးသွား၏။ MiNa အဖေ ထင်သည်။

MiNa : Dr. ဒါ MiNa ရဲ့ ဖေဖေ.

Joon : BaekHyun လား?

ကျွန်တော့်နာမည်ကို တရင်းတနှီး ခေါ်လိုက် တာကြောင့် အနည်းငယ် တော့ အံ့သြသွားမိသည်။

Joon : ငါ့ကို မမှတ်မိဘူးလား? ငါ Lee Joon လေ။

Baek : အော် ... မှတ်မိပြီ။ sorry ကွာ။ မင်းက ကျောင်းတုန်းကနဲ့ မတူတော့လို့ ငါမမှတ်ဘူး ဖြစ်သွားတယ်။

Joon : ရပါတယ်ကွာ ...

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ပါ့လား။ ပြန် မတွေ့ရတော့ဘူး ထင်ထားတဲ့ ငယ်သူငယ်ချင်းကို ပြန်တွေ့ရတယ်။ သူ့ သမီးကလဲ ကျွန်တော့် လူနာတဲ့လေ။

ပန်းခြံက ခုံလေးမှာ တူတူထိုင်ရင်း MiNa ကစားတာကို စောင့်ကြည့် နေလိုက်သည်။ ကလေးက ဘယ်ချိန်ဘာ ထဖြစ်မလဲ မပြောနိုင်ဘူး လေ။

Joon : ငါတို့ မတွေ့တာ တောင်တော် ကြာပြီနော်။

Baek : ဟုတ်တယ်နော်။ အဲ့တုန်းက မင်းက ဗြုန်းစားကြီး ကျောင်းထွက် သွားတာ ဆိုတော့ ငါသေချာ မမေးလိုက် ရလို့။ မင်းဘာလို့ ကျောင်းထွက် သွားတာလဲ?

Joon : ငါက ဝါသနာ ပါလို့ ဆေးတတ်တာ။ ငါ့အဖေ အကြောင်းမင်း သိတယ်မလား။ ငါ့ကို အတင်းကျောင်း ထုတ်ပြီး စီးပွားရေး လုပ်ခိုင်းတာလေ။

Baek : အေးကွာ။ ဒါနဲ့ မင်းမိန်းမ အတွက် ငါစိတ်မကောင်း ပါဘူးကွာ။

°•Being A Park BaekHyun°•Donde viven las historias. Descúbrelo ahora