BaekHyun's point of view...
ChanHyun : APPA ~~ ဟင့်
တစ်ညလုံး ဆေးရုံမှာ မရေးပေါ် အခြေနေ နဲ့ကြုံလာတာ ကြောင့် မနက်မိုးလင်းမှ အိမ်ပြန်ရောက်တော့သည်။ ပင်ပန်းထား တာကြောင့် အိပ်ဖို့ ပြင်နေတုံး အပြင် ဘက်က ကြားလိုက်ရတဲ့ အသံကြောင့် ကုတင်ပေါ်က ပြန်ဆင်းကာ ထွက်ကြည့် ရပြန်သည်။
အိမ်ရှေ့ဧည့်ခန်းက sofa ပေါ်မှာထိုင်ရင်း jelly စားနေတဲ့ Yeol နဲ့ Yeol ရှေ့မှာ ငုတ်တုပ်လေးထိုင်ကာ jelly စားချင်လို့ ငိုနေတဲ့ သား။ ကလေးရှေ့မှာ စားပြ မှတော့ ဟိုက တောင်းပြီပေါ့။ Yeol နဲ့ကတော့ ခက်ပါပြီ။
သားကို စွေ့ကနဲ ကောက်ချီကာ သူ့ဘေး အတင်းဝင်ထိုင်တော့ ဘာလား ဆိုသည့် ပုံဖြင့်ကြည့်ပြန်သည်။ jelly စားနေတဲ့ လက်ကိုတောင် သားလှမ်းယူလို့ မရ အောင် ပြောင်းလိုက်သေးတယ်။ ဒီအဖေ နဲ့ ဒီသားကတော့ ဟုတ်နေပါပြီ။ ချစ်လိုက် ကြတာလဲ မျက်စိရှေ့က အပျောက်မခံ နိုင်လောက်အောင်ပင်။ အဝေမတည့် လို့ ရန်ဖြစ်ကြတာလဲ ခဏခဏ။
Baek : မနက်စောစောစီးစီး ဘာလို့ jelly တွေစားနေတာလဲ?
Yeol : စားချင်လို့ပေါ့။ အဲ့တာကို သားက အတင်းလာ တောင်းနေတာ။
သားကိုကြည့်လိုက်တော့ သူ့အဖေ လက်ထဲက jelly ချောင်းလေးကို လိုက်ကြည့်နေကာ ငိုမဲ့မဲ့နှင့် တအိအိ အသံလေး ထွက်နေလေရဲ့။ တစ်ခါတစ်ခါ ဂျီကျတတ်လွန်းပြီး ချော့မရအောင် ငို တတ်လွန်းတဲ့ သားကြောင့် အိမ်မှာ jelly နဲ့ ချောကလက်တွေ ဝယ်ထားမိတဲ့ ကျနော် ပဲ မှားပြီးလားမသိပါဘူး။
ကလေးအတွက် တစ်ခါတလေမှ ကျွေးဖို့ ဝယ်ဝယ်ထားတဲ့ မုန့်တွေက အိမ်က ကလေးကြီး တစ်ယောက်ကြောင့် ပျောက်ပျောက် ကုန်တာလေ။
Baek : Yeol ကသားရှေ့မှာ စားပြတာကိုး။ သားကစားချင်သွားမှာ ပေါ့။
Yeol : မနေ့ညက အိပ်ခါနီး ချောကလက် တွေကိုယ်ကျွေးထားသေးတယ်။ အဲ့တာ ကြောင့်ကိုယ်က အခုမကျွေးတာ။
ChanHyun : appa .. ဟင့်ဟင့်
ကျနော်ချီထားရာက Yeol ဘက်ကို ကိုယ်လေး ကိုင်းပြီး တောင်းနေပုံလေး က အသည်းယားစရာ။ နောက်ဆုံးတော့ သားသမီးကို နိုင်တဲ့ မိဘဆိုတာ မရှိ စွာနဲ့ပဲ ရေခဲသေတ္တာ ထဲက jelly ရေခဲ ချောင်းလေးကို ယူကာ အလည်က ချိုး လိုက်ပြီး တစ်ဝက်ကို ပြန်သိမ်းထား လိုက်သည်။ ပြီးတော့ Yeol ဘေးဝင် ထိုင်လိုက်ပြီး..
![](https://img.wattpad.com/cover/99674186-288-k105709.jpg)
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~