Episode (9)

17.5K 1.1K 72
                                    

BaekHyun's point of view...

ဆေးရုံက ကိုယ်ပိုင်ရုံးခန်းထဲရှိ စားပွဲခုံ ပေါ် ခေါင်းမှောက် အိပ်နေလိုက်သည်။ မနက် 4 နာရီထဲက ဆေးရုံကို အရောက် လာရတာ အခုညနေ 5:00 မှပဲ အခုလို နားဖို့ အခွင့်ရေးရတော့တယ်။

Yeol အဘွားအိမ်မှာ ရောက်နေတာ 1 လပြည့်ပြီ။ ကျွန်တော်နဲ့လဲ အခုထိ ဆက်ဆံ ရေးက အဆင်မပြေ။ Yeol နဲ့လဲ ပြသနာ ခဏခဏ တက်ရ၏။ appa တို့ လဲ ပြန်ရောက်နေပြီ။ ကျွန်တော် အိမ်အလုပ် တွေလုပ် နေတယ် ဆိုတာ မသိလို့ တော်သေးတယ်။

ကျွန်တော် အိမ်အလုပ်လုပ် နေရတာ omma သိရင် ပြသနာ တက်မှာ အသေချာ ပင်။

Lay : BaekHyun ? အိပ်နေတာလား?

Baek : Hyung လာလေ။

Lay : ပင်ပန်းနေပြီလား?

Baek : ပင်ပန်းတာပေါ့ Hyung ရာ။ အိမ်မှာဆိုလဲ အိမ်မှာမလို့ အလုပ်ကြ တော့အလုပ်မှာ မလို့ ပင်ပန်းတယ်

Lay : ကျန်းမာရေး ဂရိုစိုက်ဦးနော်

Baek : nae Hyung ...

Lay : အေး... ဒါဆိုလာလေ ညနေစာ စားဖို့ လာခေါ်တာ....

Baek : imm ...

°•Being A Park BaekHyun°•

အိမ်ပြန်ရောက်တော့ ခါတိုင်းနဲ့ မတူ။ အိမ်ရှေ့မှာ ထိုင်နေတတ်တဲ့ အဘွားလဲ မရှိတာမို့ အပေါ်ထက် ကအခန်းကို သာ မြန်မြန် ဝင်လိုက်သည်။ တော်ကြာ နောက်ကျ တယ်ဆိုပြီး ပြောနေဦးမယ်။

Yeol : ရောက်ပြီလား ?

Baek : အင်း .. halmeoni ရော

Yeol : omma တို့ အိမ်မှာ ဒီနေ့ အိပ်မယ်တဲ့။ မနက်ဖြန် မနက် ပြန်လာ မယ်ပြောတယ်

Baek : aww ...

အံဆွဲထဲက ဆေးပုလင်းလေး ကိုယူကာ ထုပ်သောက်လိုက်တော့ Yeol ကဘေးက လာရပ်ကြည့်နေလေရဲ့။ ကျွန်တော်လဲ ဆေးဗူးကို အမြန် ဖွက်ကာ ပြန်ထည့်လိုက်သည်။

Yeol : ဘာဆေးလဲ? နေမကောင်းဘူး လား?

Baek : မဟုတ်ပါဘူး။ ဗီတာမင်ပါ. သောက်ပေးရင် ကောင်းတယ် ဆိုလို့

ပြောလိုက်တော့မှ ခေါင်းတငြိမ့် ငြိမ်နဲ့ အပြင်ထွက်သွား၏။ အဲ့တော့မှ ကျွန်တော် လဲ လက်ဆွဲ အိတ်ထဲက စာရွက် တွေကို အံဆွဲထဲက ဆေးဗူးဘေး ဖွက်ထား လိုက်တယ်။

°•Being A Park BaekHyun°•Donde viven las historias. Descúbrelo ahora