Episode (4)

17.9K 1.5K 48
                                    

ဆေးရုံကန်တင်းမှာ နေ့လယ်စာ မစားလိုက် ရတာကြောင့် 3:45 လောက်မှ သူငယ်ချင်းတွေ တူတူ ကော်ဖီ တစ်ခွက် စီနဲ့ ခဏ ထိုင်နေလိုက်သည်။ ကန်တင်းတွင်လဲ လူသိပ်မရှိ။ နေ့လယ်စာ စားပြီးချိန် လဲတော်တော် ကျော်ပြီ ဆိုတော့ လူနာစောင့် နဲနဲသာ ရှိသည်။

Baek : ခုနက လူနာ တစ်ယောက် သွားကြည့် ပေးဆိုလို့သွားတာ ကလေးလေး ဖြစ်နေတယ်။ အသက်က 4 နှစ် သွေးကင်ဆာတဲ့

Chen : စိတ်မကောင်းလိုက်တာကွာ။

Baek : အင်း။ ကလေးက တော်တော် ချစ်ဖို့ကောင်းတာ

Lay : haha ... BaekHyun ကတော့ တွေ့ရာ မြင်ရာ ကလေးချစ် တော့တာပဲ နော်။

Baek : ဟုတ်တယ်. ကလေးတွေ့ ရင် ကောက်ကောက် ချီလို့ အမေတွေနဲ့ ပြသ နာတက်တာလဲ ခဏခဏပဲ။

Kyungsoo : မင်းအဲ့လောက် တောင်ချစ် တတ်တာ ကလေးမယူ သေးဘူးလား?

Baek : ငါလဲ စဉ်းစားနေတာ..

Chen : စဉ်းစား မနေနဲ့ BaekHyun.. ငါမင်းကို ပြောချင်နေတာ ကြာပြီ။ မင်းအသက်လဲ မငယ်တော့ဖူး။ အသက်ကြီး သွားရင် မကောင်းဘူးလေကွာ။

KyungSoo : ဟုတ်တယ် BaekHyun.မင်းတို့ ယူပြီးတာပဲ ဘယ်လောက် ရှိပြီ တုံး။ မင်းတို့ နှစ်ယောက်လုံး ဝင်ငွေလဲ ကောင်းတယ်။ မိဘအသိုင်းဝိုင်းကတော့ ပြောမနေနဲ့တော့. ဒီလောက်ပြည့်စုံ နေပြီပဲကို

Baek : ငါသူနဲ့ တိုင်ပင်လိုက် ပါဦးမယ်..

°•Being A Park BaekHyun°•

ညပိုင်း ထမင်းစားသောက်ပြီး ချိန်လေးက တော့ BaekHyun နဲ့ ChanYeol ရဲ့ ကိုယ်ပိုင် အချိန်လေးတစ်ခုပင်။ ကုတင်ပေါ်မှာ စာဖတ်နေတဲ့ ChanYeol ရဲ့ရင်ဖက်ပေါ် ခေါင်းအုံးအိပ်ရင်း လက်က Yeol ရဲ့ အကျီ င်္ကြယ်သီး တွေကို တို့ထိနေ သည်။ ပြောစရာ ရှိပေမယ့်လို့ စာထဲအာရုံ ရောက်နေသည့်မို့ မပြောသေး။

သူ့မျက်နှာကိုပဲ မော်ကြည့်နေ လိုက်သည်။

Yeol : ပြောစရာ ရှိလို့လား Baek?

စာအုပ်ကို ပိတ်လိုက်ကာ ငုံ့ကြည့်ပြီး ပြောမေးတော့. ကျွန်တော် ခေါင်ြးိငိမ့် ပြလိုက်သည်။

Baek : ဒီနေ့ ဆေးရုံမှာ လူနာ အသစ်ရတယ်။ နာမည်က Lee MiNa တဲ့။ သွေးကင်ဆာ ဖြစ်နေတာ~ အသက်က 4 နှစ်ပဲ ရှိသေးတယ်

°•Being A Park BaekHyun°•Where stories live. Discover now