Episode (29)

15.2K 1.1K 41
                                    

BaekHyun အိမ်ကို ပြန်ရောက်သည့် အချိန်မှာ နံနက် 2:30 ခန့်ရှိနေပြီ။ အလုပ် သမားတွေလဲ တစ်နေ့ကုန် အလုပ်လုပ် ပြီး ပင်ပန်းထားတာ ကြောင့် အိပ်ပျော် နေ ကြမည် ဖြစ်တာကြောင့် ညစောင့်ကို တံခါး ဖွင့်ခိုင်းကာ အိမ်ထဲ ကိုယ့်ဘာသာ ကိုယ်သာ ဝင်လာခဲ့လိုက်သည်။

အခန်းထဲက ကုတင်ပေါ်မှာ အိပ်ပျော် နေ တဲ့ ChanYeol ကို စောင်သေချာ ခြုံပေး လိုက်ပြီး ကုတင်ဘေးက ပုခက်လေး ထဲ အိပ်ပျော်နေတဲ့ ChanHyun လေး ကိုလဲ ပါးလေးကို တစ်ချက်နမ်းပြီး စောင်ပြန် ခြုံ ပေးလိုက်သည်။

MiNa ကိစ္စကြောင့် သူအိမ်ပြန်နောက်ကျ နေခဲ့တာကို ChanYeol စိတ်ဆိုးနေ မလား မသိ။ ခါတိုင်းဆို 9:30 ကျော် အိမ်ကို ပြန်မလာရင် ဖုန်းဆက် တတ်တဲ့ သူက အခုတော့ တစ်ခါလေးတောင် ဘယ်ရောက်နေလဲ ဆိုပြီး ဖုန်းမဆက် ခဲ့။ အိပ်နေတာလဲ အေးအေး လူလူပင်။

အိပ်ချင်စိတ်လဲ တစ်စိုးတစိမျှ မရှိတာ ကြောင့် အဝတ်အစားလဲကာ မီးဖို ထဲ ထွက်လာ ခဲ့ပြန်သည်။ ရေခဲ သေတ္တာ ထဲက ဘီယာဗူး သုံးဗူးလောက်ကို ထုတ် ကာ စိတ်ညစ်ညစ်နဲ့ တစ်ဗူးပြီး တစ်ဗူး သောက်နေ ၏။

Yeol : မအိပ်ပဲ ဘာလို့ ညကြီး အချိန် မတော် သောက်နေတာလဲ?

Baek : တစ်ရေးနိုးလာတာလား? ရေဆာလို့လား?

Yeol : ကိုယ်မင်းကို ပြောစရာ ရှိလို့။ ကိုယ်တို့ နှစ်ယောက် သေချာ တိုင်ပင် မှ ဖြစ်တော့မယ် ထင်တယ်။

ChanYeol က BaekHyun ရှေ့မှာဝင် ထိုင်ကာ BaekHyun ရဲ့ သောက်လက် စ ဘီယာဗူးကို ဆွဲယူပြီး အကုန်သောက် ပစ်လိုက်သည်။ ပြီးတော့ ရေခဲသေတ္တာ ထဲက နောက်ထပ် ဘီယာဗူးတွေကို ထုတ်လာကာ သူတို့ နှစ်ယောက် အတူတူ အချိန်တော် ကြာ စကားမပြော ပဲ သောက်ဖြစ်ကြ၏။

Baek : ဘာတိုင်ပင်ချင်လို့လဲ?

Yeol : ဒီနေ့ ကိုယ်အစည်းဝေး ခန်းက ထွက်တော့ Baek တို့ ဆေးရုံက ဆေးရုံ အုပ်က ဖုန်းဆက်လာတယ်။

BaekHyun ခဏတော့ ကြောင်သွား မိတာ အမှန်။ သူတို့ ဆေးရုံအုပ်က ChanYeol ဖုန်းဆက်စရာ ဘာ အကြောင်း မှမှ မရှိတာပဲကိုလေ။

Baek : ဆေးရုံအုပ်က ...? Yeol ကို ဘာ တွေပြောသေးလဲ?

Yeol : ပါရဂူဘွဲ့ထပ်ယူဖို့ စာမေးပွဲ ဖြေ ခွင့် လျှောက်လွှာ မင်းတင်ထားတယ်ဆို

°•Being A Park BaekHyun°•Where stories live. Discover now