Episode (18)

16.9K 1.1K 32
                                    

BaekHyun's point of view...

ကျွန်တော် အစည်းဝေး ကြောင့် အင်္ဂလန် ကိုရောက် နေတာ သုံးရက်။ ဒီသုံးရက် လုံး Yeol ဖုန်းကို ဆက်တိုက် ခေါ်နေ ပေမယ့် တစ် call မှမကိုင်။ မအားလို့ ပဲ လား သက်သက် ကိုမကိုင် ချင်လို့ လား ဆို တာတော့ မသိ။ ဒါပေမယ့် အသံ လေး တော့ကြားချင် မိတာ အမှန်ပါ။

တစ်နေ့ ကုန် အစည်းဝေး တက်ပြီး သူတို့ နိုင်ငံက ဆေးရုံတွေ ကို လေ့လာ တယ်။ ကျွန်တော့်ကို တော့အမြဲ နားနေဖို့ ပြော ကြ ပေမယ့် တာဝန်ယူ ပြီး လုပ်ထားတဲ့ အလုပ်ကို အဲ့လို လေသာ မခိုချင် ပါဘူး။ သူများတွေ လို ပေါ့ပေါ့ ပါးပါး မဟုတ်လို့ ပိုပင်ပန်း ပေမယ့် အဆင်ပြေပါတယ်။

ညနေပိုင်း ဟိုတယ်ကို ပြန် ရေမိုးချိုး ပြီး ကုတင်ပေါ် လှဲကာ Yeol ဆီဖုန်းဆက် ကြည့်ပြန်တော့ "သတ်မှတ်ချိန်တွင်း ပြန်လည် ဖြေဆိုခြင်းမရှိ သောကြောင့်" ဆိုတာနဲ့ပဲ ခဏခဏ။ သူနည်းနည်း လေး တောင် ကျွန်တော့်ကို မလွမ်းဘူး လား? မဟုတ်ဘူး ... ကျွန်တော် တို့နှစ်ယောက် လုံးကိုလေ။

Baek : သားလေး ~ appa ကတော့ တော်တော် စိတ်ဆိုး နေတယ် ထင်တယ်။့ ပြန်ရောက်မှ ပြန်တောင်းပန် လိုက်မယ် နော်..

ဒေါက် ... ဒေါက် ... ဒေါက်

အခန်းတံခါး လာခေါက် တာ ကြောင့် ကုတင် ပေါ်က မနည်း သတိထား ထလိုက် ရသည်။ ညစာ မှာထားတာ လာပို့ သည်ထင်နေ ပေမယ့် မဟုတ်ပဲ ကျွန်တော်နဲ့ အတူ လိုက်လာတဲ့ JongDae ဖြစ်နေ၏။ ပါတနာ တစ်ယောက် ရွေးဆိုတော့ ကျွန်တော် JongDae ကိုရွေး ခဲ့တာလေ။

Chen : ညစာတူတူ စားရအောင်။ ငါ တစ်ယောက်ထဲ ပျင်းတယ်~

ဒီလိုနဲ့ နှစ်ယောက်လုံး ကျွန်တော့် အခန်း မှာပဲ တူတူ စားဖြစ်ကြသည်။ အလုပ် အကြောင်း ပြောပြီး အချိုပွဲ စားနေရင်း..

Chen : မင်းယောက်ျား ဆီဖုန်းဆက် လို့ ရပြီလား?

Baek : ဟင့်အင်း ... တော်တော် ဒေါသ ထွက်သွားတယ် ထင်တယ်။ သူတား နေရက်က သွားလို့

Chen : ငါဆိုလဲ ဒေါသဖြစ်မိ မှာပဲ။ သူလဲ မင်းကို စိတ်ပူမှာပေါ့။

Baek : ငါနားလည်ပါတယ် ...

Chen : မင်းအဆင်ပြေ ရဲ့လား?

°•Being A Park BaekHyun°•Where stories live. Discover now