ChanYeol's point of view...
နာရီပေါင်းများစွာ နေ့ရက်ပေါင်း များစွာ ဝေဒနာ ဒုက္ခ အမျိုးမျိုးကို ခံစားပြီးတဲ့ နောက် Baek ကျနော့် အတွက်ရော သား အတွက်ပါ အကောင်းဆုံး လုပ်နိုင်ခဲ့ ပါ တယ်။ သွေး,ချွေး,မျက်ရည် တွေကို ရင်းပြီး အသားတဆတ်ဆတ် တုန်အောင် နာကျင်နေသည့် ကြားက သားကို တွေ့ တော့ ပျော်သွားတဲ့ သူ့ မျက်နှာ ... အဲ့ အချိန် မှာပဲ မိဘဆိုတဲ့ စကားလေး နှစ် ခွန်းရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နား လည်သွားတော့သည်။
ကိုယ်ဝန် ရှိနေတုံး Baek ကသူကိုယ်တိုင် ဆရာဝန် တစ်ယောက်မလို့ အရမ်း ဂရု စိုက်ခဲ့တာနဲ့ ဆိုင်မလားမသိ ပေမယ့် သား က ဝတုတ်လေး ဖြစ်နေတယ်လေ။ ဒါကြောင့် မွေးနေ တုန်း Baek ဒုက္ခ ရောက် ရတာနေမှာ။
omma တို့ကလဲ ကလေးကြည့်ပြီး ပြန်သွား ကြပြီ။ သူတို့လဲ တစ်ညလုံး မ အိပ်ရ သေးဘူးလေ။
Baek ဘေးက အဖြူရောင် အနှီးလေးနဲ့ ထုပ်ထားတဲ့ ဝက်ပေါက်လေး ကို သာ တစိမ့်စိမ့် ထိုင်ကြည့်ရင်း ပင်ပန်းတာ တွေ အကုန် မေ့လျော့နေ ခဲ့တယ်။
အခုမှ ဗိုက်ထဲက ထွက်လာတဲ့ ကလေး က ပြုံးပြ နေတာမို့ ...
Yeol : hahahaha ... ပြုံးပြနေတယ်။ appa မှန်းသိလို့ ပြုံးပြနေတာလား? ဟင်? ပြဲကားနေတာပဲ မျက်နှာ ကြီးက
Baek : အရမ်းဝ လွန်းတယ်။ နည်းနည်း အရွယ်ရောက် လာရင် ဝိတ်ချပေး ရမယ်။
Yeol : ကလေးပဲ ဟာကို Baek ကလဲ ... ဝပါစေပေါ့ ~ aigoo ~ ကိုယ်နဲ့ တူလိုက် တာနော်။
Baek : Yeol ကလေးပါဆို Yeol နဲ့ မတူ တော့ ဘယ်သူနဲ့ တူရဦးမှာလဲ~
Yeol : Baek နဲ့လဲ တူလို့ ရတယ်လေ။ အခု Baek နဲ့တူတာ ကိုမရှိဘူး မလား~
Baek : တူပါတယ်နော်. ဟွန့်! Baek ဗိုက်ထဲက ထွက်လာတာ Baek နဲ့ မတူပဲ တော့ရှိမလား?
Yeol : မတူပါဘူးဆို~ ဒီမှာကြည့်လေ. မျက်လုံးလေးကလဲ ပြူးတယ်။ နှာတံ ကလဲ ကိုယ်လိုပဲ။ နှုတ်ခမ်းလေးက လဲ ကိုယ့်လို ထူထူလေရယ်။ ကိုယ်ငယ်ငယ် ကလဲ သားလို ဝတုတ်ကြီးပဲ ...
Baek : ဘာလို့ omma နဲ့ မတူရ တာလဲ ChanHyun ah ~ ဟင် ~
Baek က သားရဲ့ ပါးလေးကို အသာ နမ်း တော့ သားက ကျနော့်ကို ပြုံးကြည့် နေ ရာ က ချက်ချင်း မျက်နှာ ရှုံ့မဲ့ ပြီး တစ်ဟွန့် ဟွန့် နဲ့ ညည်းသံ လေးတွေ ထွက် လာ ၏။ အဓိပ္ပာယ်က သူမကြိုက် ဘူးဆို သည့် သဘော ~
VOCÊ ESTÁ LENDO
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~