ChanYeol's point of view...
ဆေးရုံခန်းက ကောင်းပေမယ့် လို့ လူနာ စောင့်အတွက် ကုတင် သပ်သပ် သွင်း မပေး တာကြောင့် ကျွန်တော် တစ်ည လုံး sofa ပေါ်မှာ အိပ်ခဲ့ ရသည်။ နိုးလာ တော့ မလှုပ် မယှက် အိပ်ခဲ့ ရလို့လား မသိ တစ် ကိုယ်လုံး ထုံပြီး ညောင်းကိုက် နေတာ လှုပ် တောင် မလှုပ်ချင်။
Baek ကိုကြည့် လိုက်တော့လဲ အိပ်နေ သေး တာမို့ စောင်သေချာ ပြန်ချုံ ပေးရင်း မျက်နှာသစ် သွားတိုက်ကာ ဆေးရုံ ပန်းခြံ သို့ ဆင်းလာ ခဲ့လိုက်သည်။ LuHan Hyung ကလွဲ လို့လဲ ဆေးရုံမှာ တခြား အ သိကမရှိ။ Baek သူငယ်ချင်း ဆိုတာ ကလဲ မင်္ဂလာဆောင် လာတုန်း ကသာ မြင်ဘူးတာ သိပ်မခင်။
ဒီလိုနဲ့ပဲ တစ်ယောက်ထဲ ဆေးရုံ ကပန်းခြံ ထဲ ဟိုကြည့်ဒီကြည့် နဲ့ အညောင်း အငြာ ဖြေနေလိုက်သည်။ ထင်သည့် အတိုင်း ပန်းခြံ ကတော့ ကလေး လူနာတွေ နဲ့ သာ ပြည့်နက် နေ၏။ မနက်လင်းထဲ က အားအင် တွေပြည့်ဝ နေသည် ထင်ပါ့ ပြေး လွှား အော်ဟစ် ပြီးဆော့နေ ကြတာ နေ မကောင်းတဲ့ သူနဲ့ တောင်မတူး။
ကျွန်တော် ကလေးတွေကို လိုက်ကြည့် ရင်း ကျွန်တော့် ခြေထောက်ပေါ် ကျ လာတဲ့ ပန်းရောင် စွန်လေး ကြောင့် ငုံ့ ကြည့်လိုက် ကာ စွန်လေးကို ကောက် ယူ လိုက်တော့ အနားကို ပြေးလာတဲ့ ဝတုတ် တုတ် ကလေးမလေး တစ်ယောက်~
ကျွန်တော့် လက်ထဲက သူ့ရဲ့ စွန်လေး ကို တစ်လှည့် ကျွန်တော့် ကိုတစ်လှည့် ကြည့် နေပြီးတော့ စွန်ကို လက်ညိုး နဲ့ထိုး ပြကာ...
'အဲ့တာ MiNa ရဲ့စွန်ရေး ... ပြန်ပေးနော် ဦးဦး'
MiNa ? MiNa ဆိုသည့် နာမည်ကို တရင်း တစ်နီး ကြားဖူး နေတာမို့ ကျွန် တော် သေချာ စဉ်းစား ကြည့် လိုက်တော့ ဒါ Baek ရဲ့ အသည်းကျော် လေး ဆိုတာ သိလိုက် ရသည်။
Yeol : MiNa ~ ဦးဦးကို သိလား?
MiNa : ဟင့်အင်း ...
Yeol : ဒါဆို Dr.Baek ကိုရော သိလား?
Dr.Baek ဆိုတာနဲ့ ချက်ချင်း ထခုန် မတတ် ဖြစ်သွားတဲ့ ကလေးလေး က ကျွနိတော့် ရင်ခွင်ထဲ တိုးဝင် လာကာ~
MiNa : MiNa ကရေ Dr.Baek ရေးကို လွမ်းနေရာ~ ဒါပေမယ့် Dr.Baek ရေးက MiNa ကို ရာမသွေ့တော့ ဝူး
STAI LEGGENDO
°•Being A Park BaekHyun°•
Storie d'amoreChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~