Episode (10)

18K 1.2K 101
                                    

ChanYeol's point of view...

ကားသာမောင်း နေရတယ် လူကအတွေး မျိုးစုံနဲ့။ LuHan Hyung ပြောသလို ဆိုရင်တော့ Baek မှာတကယ် ပဲ ကိုယ်ဝန် ရှိနေပြီလား? ဒါပေမယ့် ဘာလို့ ကျွန်တော့်ကို ဖုံးကွယ် ထားတယ် ဆိုတဲ့ အကြောင်းရင်း ကိုတော့ သေချာ သိနေ တာမို့ အပြစ်မဆို ပါဘူး။

ကျွန်တော် အမြဲ ကလေး ယူမယ့် ကိစ္စကို ငြင်းခဲ့တယ်။ အဲ့လို ငြင်းတိုင်းလဲ Baek နဲ့ ပြသနာ အမြဲ တတ်ရတာ ချည်းပဲ။ ပြသနာ တွေရှိထား ဘူးတော့ Baek က ကျွန်တော့်ကို ဒီကိုယ်ဝန် အကြောင်း မပြောပြ တာ နားလည်ပါတယ်။

ဒါပေမယ့် ကျွန်တော်က တစ်သက်လုံး မလိုချင် ဘူးပြောတာ မှမဟုတ်တာ။ ကျွန်တော့် အတွက် စောနေသေးလို့ ငြင်းခဲ့တာ။ ကိုယ့်အကြောင်းကို မိမိကိုယ် တိုင်လောက် ဘယ်သူမှ မသိနိုင်။ ကျွန်တော် က ငယ်ငယ်ထဲက ပျော်ပျော် ပါးပါး နေတတ်တယ်။ ဘာကိုမှ ဂရိုစိုက် တတ်တာ မဟုတ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဆိုပါတော့။

ကျွန်တော့် အကျင့်တွေက ပြင်လို့ ရရင် တော်ကာ ရှိပေမယ့် ကျွန်တော် ဒီအကျင့် တွေကို ပြောင်းလဲ မပြစ်နိုင် ခဲ့ပါဘူး။ အခုချိန်ထိ ဆိုပါတော့။ အိမ်ထောင်သာ ကျသွားတယ် ကျွန်တော် အခုချိန်ထိ Game ဆော့တယ်, အိမ်က ညီနဲ့ ညီမ နဲ့ ပေါင်းဆော့ရင် ဆော့တယ်. အဲ့တာမှ ပျင်းရင် Baek ကိုစိတ်ကောက်တယ်။

အဲ့လို လူမျိုးက ကိုယ့်သားသမီးကို ဘယ်လို ပြုပြင် ထိန်းကျောင်း ပေးနိုင်မှာ တဲ့လဲ? ကျွန်တော် အရာရာ တိုင်းမှာ အကောင်းဆုံးပဲ ဖြစ်ချင်တယ်။ ကျွန်တော့် သွေးသား ဖြစ်တဲ့ အခု Baek ဗိုက်ထဲက ကလေးလေး အတွက်က အစပေါ့။

ကျွန်တော်တို့ လက်ထပ်ပြီးပြီးချင်း omma ပြောခဲ့တဲ့ စကားကို လဲ ကြားယောင် မိတာကြောင့် လဲ ပါတယ် ပြောရမှာပေါ့။ ကလေးက ကလေးမွေး သလို ဖြစ်မှာ စိုးလို့ နောက်မှ ကလေးယူ ပါလို့ ပြောခဲ့တာလေ။ ကျွန်တော် ကလေး မဟုတ်တော့ ပါဘူး။ ဒါပေမယ့် ကျွန်တော့် စိတ်ကတော့ အဖေ တစ်ယောက် ရဲ့ တာဝန် ကို ယူနိုင် လောက်တဲ့ ထိ တော့ အရွယ် မရောက်သေးဘူးလေ။

Baek က ကလေးအတွက်တော့ အကောင်းဆုံး သူတစ်ယောက် ဖြစ်နိုင် ပေမယ့် ကျွန်တော်ကမှ မဖြစ်နိုင်တာ။ ကျွန်တော့်က သူငယ်ချင်းတွေ ပြောသလို ပဲ ကြောင်တောင်တောင် ရယ်။ ကလေးက အဖေတစ်ယောက်လို့ မသတ် မှတ်ရင် ဘယ်လိုလုပ်မလဲ?

°•Being A Park BaekHyun°•Onde histórias criam vida. Descubra agora