BaekHyun's point of view...
ဆေးရုံက ကိစ္စတွေ အားလုံး ပြီးသော် ငှား ဒီနေ့က ကျွန်တော် ဆေးစစ်ရ မယ့် နေ့ ဖြစ်တာကြောင့် LuHan hyung ရုံးခန်း မှာ Yeol လာတာကို စောင့်နေလိုက် သည်။ ဆေးစစ်ဖို့ လိုအပ်တဲ့ ပစ္စည်း တွေ ကို ပြင်ဆင်နေတဲ့ Hyung ကိုကြည့် ပြီး ငိုချင်လာ သလိုလို။
ငယ်ငယ်ထဲက ဆေးထိုးအပ်ဆို သေ လောက် အောင် ကြောက်ခဲ့တာ။ ကိုယ်တိုင် ဆရာဝန် ဖြစ်ပေမယ့် လို့ပေါ့။ သေချင် သေပါစေ ဆေးတော့ လုံးဝ မထိုး ဘူးဆိုတဲ့ မူဝါဒကို လက်ကိုင်သုံးသူ ရယ်ပါ။ အခုတော့ ဘာမှတောင် အတွန့် တက်လို့ မရ။ မလုပ်လို့လဲ မဖြစ်ဘူးလေ. ကိုယ့်သားသမီး အတွက်ပဲ~
Yeol : sorry ... ကားတွေပိတ် နေတာနဲ့ နောက်ကျသွားတယ်
Lu : ရပါတယ်။ ကဲ ~ ChanYeol လဲလာ ပြီဆိုတော့ BaekHyun. စလိုက် ကြရ အောင်
ဖြစ်နိုင်ရင် ဒီအခန်းထဲက ပြေးထွက် သွားချင် မိတယ်။ စိတ်ကသာ အဲ့လို တွေးနေတာ လူက Yeol အတင်းဆွဲ ခေါ်လို့ Hyung ရှေ့မှာ ထိုင်ပြီးနေပြီ။ ဝတ်ထားတဲ့ ဆွယ်တာ အကျီ င်္တံတောင် ဆစ်ထိ လိပ်တင်လိုက်ပြီး ရှေ့ကို လက်ဆန့် ပေးလိုက်သည်။
Lu : စိတ်အေးအေး ထားနော် ... ခဏပဲ
Baek : အင်း ...
ဘေးမှာ ရပ်နေတဲ့ Yeol ရဲ့လက် ကောက်ဝတ် နားကို ဆုပ်ကိုင် ထားလိုက် သည်။ လက်မောင်းကို သေချာ စည်းလိုက် ပြီး အရက် ပြန်တို့ လိုက်တာ ကြောင့် လူက တွန့်ခနဲ ဖြစ်သွား၏။
ထို့နောက်မှာ ခံစားရတဲ့ နာကျင်မှု။ ကျွန်တော် အမှန်းဆုံး ဆိုရင် လဲ မမှား ပါဘူး။ အသားထဲ က သွေးကျော တွေထဲ ထိ ဖောက်ဝင်လာတဲ့ စူးကနဲ ခံစားချက် ကြီး။ တဖြည်းဖြည်း သွေးထုပ် ပြီးတော့ အသားထဲက အပ်ပြန် ထုပ်လိုက်တဲ့ ခံစား ချက်! သေသာ သေလိုက် ချင်တော့ တယ်။ အပ်ပေါက် နေရာကို ပလာစတာ ကပ် လိုက်ပြီးသည်ထိ စပ်ဖျင်းဖျင်း။
Lu : ပြီးပြီ။ သိပ်မနာပါဘူး။ ဟုတ်တယ် မလား?
Baek : မေးရက်ပါဘိ hyung ရယ်
Lu : haha ~ အခု ultrasound ရိုက်ရ မယ့်အလှည့် ... ကုတင်ပေါ်တက်ပါ Mr.Park BaekHyun ssi ...
အကျီ င်္လက်ကို ပြန်ဆွဲချကာ Yeol လက်ကို အားပြုပြီး ထလိုက်သည်။ တဖန် ကုတင်ပေါ် ပြန်လှဲ ရပြန်၏။ အကျီ င်္ကို ဗိုက်ပေါ်နားထိ လှန်တင်လိုက်ပြီး အေး စက်စက် ဂျယ် လိုမျိုးတွေက နေရာ ယူ ပြန်သည်။ Hyung ကစက်နဲ့ ဟိုရွှေ့ ဒီရွှေ့လုပ်နေ ချိန် ...
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~