BaekHyun's point of view...
Baek : မင်းတို့ စာမေးပွဲက နောက်လ 22 ရက်နေ့လို့ ပရော်ဖက်ဆာ ကပြောတယ်။ အခုလကုန်ရက် ရောက်နေပြီ ဆိုတော့ အချိန်က ဘယ်လောက်မှ မကျန်တော့ ဘူး။ စာကျက်ကျတော့။
-- : nae ...
Baek : Park SunMi ~ ငါ့ရုံးခန်းကို ခဏလာခဲ့။
ကျွန်တော့် အသံဟာ ဒေါသသံ တွေပါ နေတယ်ဆိုတာ သူ ရိပ်မိမှာပါ။ ဒုတိယ ကိုယ်ဝန်ကလဲ ရှိလာပြီမို့ လရင့်လာရင် ဆေးခွင့်က ထပ်တင်ရဦးမယ်။ ဒီကောင်မ လေးကို မျက်စိ ဒေါက်ထောက် ကြည့် မနေနိုင်တော့ဘူးလေ။
.
.
.
Baek : မနေ့က ပြန်တော့ ဘယ်သူ့ ဆိုင်ကယ်နောက်က လိုက်သွားတာလဲ? ငါ့ကို မှန်မှန်ပြော။
SunMi : သူ ... သူငယ်ချင်းပါ
Baek : ငါ့ကိုမလိမ်နဲ့ SunMi ... နင်တို့ နှစ်ယောက် သူငယ်ချင်း မဟုတ်မှန်း ငါသိ တယ်။ အဲ့ကောင်နဲ့ တွဲနေတာ မလား?
SunMi : oppa ... အိမ်ကို ပြန်မပြောပါနဲ့ နော်။ သူနဲ့ကို ဒီတိုင်း အဆင်ပြေလို့ တွဲလိုက်ရုံပါ။
Baek : စကားကို လွယ်လွယ် မပြောနဲ့. နင်မိန်းကလေး! ပညာတတ် တစ်ယောက် လုပ်နေပြီး နင်အဲ့လို ဆိုင်ကယ် တစ်စီးနဲ့ အလေလိုက်နေတဲ့ ကောင်ကို ဘာကြည့်ကြိုက် လိုက်တာလဲ? စာမေးပွဲမှာလဲ အမှတ်တေက အောင်ရုံလေးပဲ။ နင်ဒီ တစ်ခေါက် စာမေးပွဲ အဲ့လိုပဲ ဖြစ်နေမယ် ဆို ငါ Yeol နဲ့ တိုင်တော့မှာနော်
SunMi : oppa ကိုတော့ မတိုင်ပါနဲ့။ SunMi စာကျက်ပါ့မယ်
Baek : အေး။ နင့်ကတိနဲ့ နင်နော်။ သွားတော့ ...
မနေ့က အမှတ်မထင် ဆေးရုံနောက် ဘက်မှာ SunMi နဲ့ ကောင်လေး တစ်ယောက်ကို တွေ့ခဲ့တာ။ နှစ်ယောက် သား ဆက်ဆံရေးက လုံးဝ မရိုးသား။ ကောင်လေးကို ကြည့်ရတာလဲ ဆိုးသွမ်း ပျက်စီးနေတဲ့ပုံ။ Yeol သာသိရင် အဲ့ ကောင်လေးရော SunMi ပါသေမှာ။
ကြားထဲက ဖုံးပေးထားရတာလဲ ခပ် ကြောက်ကြောက်ရယ်။
nuese : doctor ~ ခွဲစိတ်ခန်းဝင်ဖို့ အချိန်ကျပါပြီ။
Baek : nae. အခုလာခဲ့ပါ့မယ်~
°•Being A Park BaekHyun°•
Baek : ပြန်ရောက်ပါပြီ။ ChanHyun ah ~ omma ပြန်လာပြီ
![](https://img.wattpad.com/cover/99674186-288-k105709.jpg)
YOU ARE READING
°•Being A Park BaekHyun°•
RomanceChanBaek Married life Yaoi(Boy×Boy) Mpreg(Malepregnant) *All about sweet and romance ~