Episode (34)

14.3K 1K 30
                                    

BaekHyun's point of view...

ဈာပန အခန်းအနားသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာတဲ့ ဧည့်သည် တွေကို မိတ်ဆတ်ဖို့ရာ အဓိက တာဝန် သည် ကျွန်တော် နှင့် Yeol အပေါ်၌သာ။ Mrs.Park နဲ့ အငယ်နှစ်ယောက် သည် ဧည့်သည်တွေကို တောင် မနှုတ်ဆက် နိုင်ပဲ အဖြူရောင် ပန်းတွေဖြင့် ပြင်ဆင် ထားသော ဓာတ်ပုံဘောင် ထဲက သူကိုသာ မျက်တောင်မခတ် စိုက်ကြည့် နေကြသည်။

Yeol ကတော့ ကျွန်တော် ထင်ထားတာ ထက်ကိုပင် ပိုတည်ငြိမ်နေ သလိုပင်။ ဧည့်သည်တွေကို အလိုက်သင့် နှုတ်ဆက်ပြီး ပြင်ဆင်စရာ ရှိတာကိုသာ သူ့ဘာသာ ဆုံးဖြတ် ပြင်ဆင်နေလေ၏။

ChanHyun ကိုလဲ အဘိုးဖြစ်သူရဲ့ နောက်ဆုံး ခရီးဖြစ်တာကြောင့် အတူ ခေါ်ထားလိုက်ပေမယ့် ကလေးက အားလုံးကို နားလည်နေသလို မျက်နှာ ငယ်လေးနဲ့ တစ်ချိန်လုံး ကျွန်တော့်ကို ချီခိုင်းကာ ရင်ခွင်ထဲ တိုးတိုးဝင်နေ တတ်သည်။

တစ်မနက်လုံး အဆက်မပြတ် လာတဲ့ ဧည့်သည်တွေကို နှုတ်ဆက်ပြီး နေ့လယ် 2:30 လောက် ဧည့်သည် အလာနည်း တဲ့အချိန်...

Yeol : BaekHyun.. နေ့လယ်စာသွား စားတော့. သားလဲ ဗိုက်ဆာနေရောပေါ့

Mrs.Park : ဟုတ်တယ်သား.. ဒီအချိန် က သားအတွက် အရေးကြီးတယ်။ အစားပုံမှန်စားမှ ဖြစ်မှာ

Baek : ကျွန်တော် တစ်ယောက်ထဲ တော့ စားမဝင်ဘူး အမေ။ အမေတို့လဲ မနေ့က ညထဲက ဘာမှမစားရ သေးဘူးမလား? အတူတူစားရအောင်ပါ..

Mrs.Park : စားချင်စိတ်မရှိပါဘူး သားရယ်..

Baek : အမေ ... စားချင်စိတ်မရှိဘူး ဆိုရင်တောင် လဲကျမသွား အောင် တော့ နည်းနည်းပဲ ဖြစ်ဖြစ်စားမှ ဖြစ်မှာပေါ့။

Mrs.Park : အမေတကယ် မစားချင်လို့ ပါ။ ChanYeol ... သားမနေ့ထဲက ပင်ပန်း နေပြီမလား~ အိမ်ပြန်ပြီး ညမှ ပြန်လာခဲ့။ BaekHyun လေးကိုလဲ ဂရု စိုက်ဦး

Yeol : imm ...

•~•~•~

ထမင်းစားဝိုင်းမှာ ဖွယ်ဖွယ်ရာရာ ပြင်ဆင် ထားပေမယ့် Yeol ကတော့ ထမင်းဖြူ ကိုသာ တစ်စိချင်းလေး စားနေသလို မထိ တထိ။ ဟင်းရည်အိုးကို အလယ်မှာ ချကာ အဖုံးဖွင့်လိုက်ပြီး ...

°•Being A Park BaekHyun°•Tempat cerita menjadi hidup. Temukan sekarang