Episode (1)

34.5K 1.6K 51
                                    

BaekHyun's point of view...

တစ်နေ့တစ်နေ့ လုပ်လိုက်ရတဲ့ အလုပ်တွေ ဆိုတာ လူကိုနားရတယ် လို့ကိုမရှိ။ အိမ်မှာဆိုလဲ အိမ်အလုပ်. ဆေးရုံမှာဆိုလဲ တစ်ချိန်လုံး ပြေးလွှားနေ ရတာ တော်တော်ကို ပင်ပန်းလှသည်။

အဝတ်လျှော်စက်ထဲက နှစ်ယောက်လုံးရဲ့ အဝတ်တွေကို ထုပ်လိုက်ကာ လှမ်းဖို့ ဘေးမှာရပ် နေတဲ့ကောင်မလေး ကိုပေး လိုက်သည်။ အိမ်က ကိုယ်တော်ချော ကသူ့ အကျီ င်္တွေကို အလုပ်သမား တွေယူ လျှော်တာ မကြိုက်ဖူးတဲ့လေ။

'ဒီနေ့ဆေးရုံမသွားဖူးလား?'

ရုတ်ရက် ခါးကိုလာဖက် ပြီးပြော တာကြောင့် လန့်ကနဲ ဖြစ်သွားသည်။ ဘေးမှာရပ်နေတဲ့ ကောင်မလေးလဲ ပြုံးစစ နဲ့ထွက်သွားတော့မှ ကျွန်တော်သူ့ဘက်ကို လှည့်လိုက်သည်။ ခါးပေါ်က လက်တွေကတော့ လျော့မသွား သေးပါဖူး~

'ခဏနေသွားရတော့မှာ.. လိုက်ခဲ့မလား?'

ပါးစပ်နားမှာ ပေနေတဲ့ ပေါင်မုန့် အစလေး တွေကို လက်မနဲ့သပ်ပေး လိုက်ရင်း မေးလိုက်တော့ စိတ်ပျက်လက်ပျက် ခေါင်းခါပြတယ်.

'wae~'

ကျွန်တော် သဘောကျလို့ ကောက်ခိုင်း ထားတဲ့သူ့ရဲ့ ဆံပင် ထူပွပွတွေ ကြားလက် ထည့်ကာ ပွတ်သပ် ပေးနေ မိသည်။ သူဒီဆံပင်ကို မလုပ်တော့တာ တော်တော် တောင်ကြာပေါ့။ ကျွန်တော် တို့နှစ်ယောက် ပထမဆုံးတွေ့ တဲ့နေ့က သူက အခုပုံလေးနဲ့လေ။ နောက်ပိုင်း တော့ ပုံပြောင်းလိုက်တာ။ ဒါပေမယ့် ဒီဆံပင် ကောက်လေးတွေနဲ့ ချစ်ဖို့ ကောင်းလို့ သူ့ကို ဒီတိုင်း ပြန်ထား ဖို့ ဂျီကျထားတာပါ~

'Baek က ဆေးရုံရောက်ရင် အမြဲလူနာ တွေနဲ့ အလုပ်ရှုပ် နေတာ~ ကိုယ်က ဘာလုပ် နေရမှာလဲ?'

ဟုတ်တော့လဲ ဟုတ်ပါတယ်။ သူလဲ တစ်ယောက်ထဲ ပြင်းနေမှာပေါ့..

'ဒါဆို အိမ်မှာပဲ နေခဲ့မှာလား~ တစ်ယောက် ထဲလေ? ဒီနေ့ အလုပ်လဲ သွားစရာ မလိုဖူးဆို'

'အဲ့တာကြောင့် ကိုယ်ပြောမလို့ Baek ကို'

သူ့ရဲ့ စွဲဆောင်မှု ရှိတဲ့အသံကို နားနား ကပ်ပြောတာကြောင့် ရင်ဖတ်ထဲ လိပ်ပြာ တွေပျံနေသလိုလို ~ ဒါပေမယ့် ဒီလိုပုံစံ နဲ့ပြောလိုက်ရင် တစ်ခုခုကို လိုချင်လို့ ဆိုတာ သိနေပြီးသားမို့ မျက်ခုံးက ခပ်လှုပ်လှုပ်။

°•Being A Park BaekHyun°•Donde viven las historias. Descúbrelo ahora