Episode (15)

16.5K 1.1K 116
                                    

ChanYeol's point of view...

ရုံးခန်းထဲမှာ appa နဲ့ထိုင်ကာ လုပ်ငန်း တိုးချဲ့ဖို့ ကိစ္စတွေ တိုင်ပင် နေတုံး ဖုန်းဝင် လာ၏။ စကား ပြောလက်စ ကို မဖြတ် ချင်တာ ကြောင့် ဖုန်းကို မကိုင်ဖို့ လုပ်လိုက် ပေမယ့်လို့ screen ပေါ်မှာ ပေါ်နေတာက "Home" ဆိုပြီး။

Baek က အိမ်ဖုန်း နဲ့သိပ် မဆက် တတ်တာ မို့ မကိုင်ပဲ ထားလိုက် ပေမယ့် ဆက်တိုက် ဆိုသလို ဆက်နေတာမို့ appa ကိုခွင့်တောင်း ပြီး ဖုန်းကိုင် လိုက် တော့ ...

Mr.Lee : အစ်ကိုလေး ...

Yeol : ကိစ္စရှိလို့လား Mr.Lee? ကျွန်တော် မအားလို့ပါ။

Mr.Lee : အစ်ကိုလေး Baek ... ကိုယ်ဝန် ပျက်ကျလို့ ဆေးရုံ တင်လိုက် ရပြီ အစ်ကိုလေး

ဘယ်လို? ကျွန်တော် ကြားလိုက် ရတဲ့ စကားတွေက ဟုတ်ရော ဟုတ်ရဲ့လား? မနက်ကထိ Baek အားလုံး အဆင်ပြေ နေပါသေးတယ်။ ဆေးလဲ ကောင်း ကောင်း သောက်တယ်။ ကျွန်တော် ပေးတဲ့ post card လေးကို ကြည့်ပြီး သူ့မှာ ပျော်နေသေးတာကို။

ကျွန်တော့် ခြေထောက် တွေ ခွေယိုင်လဲ ခါနီး appa ကလှမ်းထိန်း ပေးလိုက် သည်။ စိတ်ပူနေတဲ့ appa မျက်နှာ ကို ကြည့်ပြီး ကျွန်တော် ရင်ခွင်ထဲ တိုးဝင် ခါ ငိုချလိုက် မိသည်။ Baek ရှေ့မှာ မငိုချင် ဘူး။ Baek ကကျွန်တော့်ထက် တောင် ပိုခံစားနေရ မှာ~

Mr.Park : ChanYeollie ~ သား ဘာဖြစ်လို့လဲ?! appa ကိုပြောပါဦး

Yeol : appa ~ ကလေး ... ကလေး လေး မရှိတော့ ဘူးတဲ့

appa လဲ တော်တော် shock ရသွား သည်ထင်၏။ ကျွန်တော့် ကိုထွေးပွေ့ ထားတဲ့ လက်တွေ ပြေလျော့သွား ပြီး..

Mr.Park : ဆေးရုံလိုက်သွားရအောင်. ဘာတွေ ဖြစ်လာ ဦးမလဲ ဆိုတာ မသိနိုင် ဘူးလေ။ appa တို့ ကံကောင်း လောက် ပါတယ်~

appa နဲ့ အတူတူ ဆေးရုံကို လာတဲ့ လမ်း တစ်လျှောက် အပြစ်မရှိတဲ့ လက်ချောင်း တွေကိုပဲ ချိုးလိမ်နေမိသည်။ appa လဲ ကားမောင်းရင်း ကျွန်တော့်ကို စိတ်အေးအေး ထားဖို့ တဖွဖွ ပြောနေ၏။

ဒါပေမယ့် ကျွန်တော် ဘယ်လို စိတ်အေး အေးနေနိုင်မှာလဲ? ရင်ခုန်လွန်းလို့ သေတော့ မလိုပဲ။ အခုန်လွန်နေ တဲ့ ကျွန်တော့် နှလုံးကို ခဏလောက် ဖောက် ထုပ်ထားချင် ပါရဲ့။

°•Being A Park BaekHyun°•Dove le storie prendono vita. Scoprilo ora