Zawgyi
ကျနော်ချစ်သောကြယ်ကလေး
နင့်နင့်နဲနဲစူးနစ်စွာတဲ့ရင်ခုန်နှုန်းကိုအသာထိန်းရင်း
မင်္ဂလာခန်းမကြီးအတွင်းဝင်လာလိုက်သည်လှပတဲ့အဖြူရောင်suitလေးက
ကျနော့်ကိုယ်ပေါ်မှာနေသားတကျရှိနေခဲ့သည်ခန်းမလယ်က
ဖြတ်လျှောက်လာတဲ့ကျနော့်ကို
ဝိုင်းဝန်းကြည့်နေကြတဲ့ဧည့်သည်တော်တွေကတော့
ချစ်စဖွယ်သတို့သားလေးတစ်ဦးဟုမှတ်ယူကြလေမည်လား...ကျနော်တချက်လှမ်းကာကြည့်မိလိုက်ပါရဲ့
အနက်ရောင်suitလေးနဲ့လိုက်ဖတ်လှတဲ့သူ...ခန့်ညားတဲ့ဆံပင်တွေကိုသပ်လှန်ထားတာ
ဒါပေမဲ့ခင်ဗျားသိလားရှိုင်းမာန်..ကျနော်ကလေ
ကပိုကရိုကျနေတဲ့
ခင်ဗျား နဂိုဆံပင်ဝဲဝဲလေးတွေကိုသိပ်ချစ်တာ...မြန်မာနိုင်ငံကထုံးစံအရboy to boyအချင်းချင်း လက်ထပ်တာ
နည်းနည်းတော့ အတင်းပြောစရာ ဖြစ်နေပုံပဲ
ဝေ့ဝဲလာတဲ့ အသံတွေက တီးတိုးရယ်~~~ကျနော်သိပ်ချစ်ရတဲ့သူ့မျက်လုံးရီဝေဝေလေးတွေက
ကျနော့်ကိုကြည့်မနေခဲ့ပါ
ဒါပေါ့...ကျနော်ဆိုတာသူ့အတွက်အရေးမှမပါတာပဲ
အထင်သေးစရာ လူသက်သက်အပြင်မပိုခဲ့.မိန့်ခွန်း ပြောပြီးတဲ့နောက်
"ဒီကမောင်လွမ်းရိပ် နဲ့ မောင်ရှိုင်းဆတ်တို့ တရားဝင် လက်ထပ်ပြီးပါပြီ"
Father ရဲ့စကားအဆုံးအသတ်လေးမှာ
ကျနော်တချက်တော့ ပြုံးလိုက်မိတယ် ထင်ပါရဲ့သွယ်လျလွန်းတယ်လို့ လူတွေပြောဖူးတဲ့
ကျနော့်လက်ချောင်းလေးမှာ
ဆင်တူလက်စွပ်လေး စွပ်ပြီးသကာလသူဟာ အရယ်အပြုံးမရှိစွာ
လှည့်ထွက်သွားတယ်ကျနော်နဲ့ဆင်တူဝတ်ထားတဲ့လက်စွပ်ပိုင်ရှင်လေး
ကတော့
သူနဲ့ရုပ်ချင်းကွဲသော်ညား
သူနဲ့သွေးသားတော်စပ်သူ.သူ့ညီအရင်း
ကျနော်ရဲ့သတို့သားရှိုင်းဆတ်ဟုတ်ပါတယ်သူဟာကျနော့်သတို့သားရဲ့အကိုအရင်းရှိုင်းမာန်
ဘယ်သူမှမသိတဲ့ အမှန်တရားတစ်ခုက
သူဟာကျနော်သိပ်ချစ်ရတဲ့ တယောက်တည်းသောသူ