Part.9

61.9K 6.7K 613
                                    

Unicode

စားပွဲပေါ်မှာတင်ထားတဲ့နာရီသံတချက်ချက်က.10နာရီထိုးနေခဲ့ပြီကို
တိတိပပညွှန်ပြလျက်....

မေလရဲ့နေရောင်ခြည်ကလည်း.တစထက်တစ...ပူပြင်းလာသည်..။
အခုထိအိပ်ရာပေါ်မှမထမိသေး....

ဒီအတိုင်းလေးသာ..လှဲနေချင်သည်...။

အပြင်မှာအဘွားရဲ့..တံခါးခေါက်သံက
ထွက်ပေါ်လာသည်..။

"မြေးလေးလွမ်း..ဒီနေ့ရောကျောင်းမသွားဘူးလားဆတ်လေးလာမေးသွားတယ်..
ဆေးခန်းရောမသွားလို့ဖြစ်ရဲ့လား..''

""ဟုတ်ကဲ့ဘွား'''

ခေါင်းကိုက်သည်..အကြောင်းပြကာ
ကျောင်းမတတ်တာသုံးရက်...
အင်း..ဒီနေ့နဲ့ဆိုလေးရက်ပေါ့..။

ဆတ်ကလည်း..ဘွားကို လာမေးသည်ကလွဲပြီးကျနော့်ဆီ..လာမတွေ့ခဲ့...။

ကျနော်လည်း...မျက်နှာချင်းဆိုင်ဖို့...
အင်အားမရှိ...။

ငါကမင်းအချစ်နဲ့...မထိုက်တန်ပါဘူးဆတ်ရယ်..။

သက်ပြင်းတချက်ချရင်း
မျက်လုံးထဲဝင်လာသည်က....

မဟော်ဂနီရောင်ဆံနွယ်လေးများ....
ရူးသွပ်စွာတမ်းတမိပါ၏

ရှားပါးစွာပြုံးရယ်ခြင်းမှ..ထွက်ပေါ်လာလေ့ရှိသည့်ပါးချိုင့်လေးတဖက်နှင့်

ဆည်းဆာရောင်တောက်ပကာ
ရေးရေးထင်နေသောပုံရိပ်ယောင်ကို
ဝေဝါးစွာလက်လှမ်းမိတော့
လေနဲ့အတူပျောက်ကွယ်သွားသည်..။

ဘယ်လောက်ထိကျနော်ရုးသွပ်မိနေဦးမလဲ..။

"ကျနော်ခင်ဗျားကိုမေ့ပါရစေ''

ရေရွတ်ဆုတောင်းမိတဲ့...စကားသံအဆုံးမှာ
ကျဆင်းသွားတဲ့..မျက်ရည်တစက်က
ကျနော့်ကိုလှောင်ပြောင်နေခဲ့သည်..။

ကျနော့်စိတ်တွေဘာဖြစ်နေခဲ့သည်လဲ..။

လွမ်းနေသည်ဆိုရအောင်လဲ
မာနဲ့ကျနော်နဲ့က..သိပ်ချစ်ကြတဲ့ချစ်သူတွေမှ
မဟုတ်ခဲ့ပဲလေ..။
တစုံတယောက်ကို..လွမ်းခြင်းဆိုသည်ကို..ကျနော်သိပ်နားမလည်..။

ဘယ်အရာမျိုးကိုလွမ်းသည်ဟုပြောသည်လဲ..။

တခါမှပိုင်ဆိုင်ခြင်းမရှိခဲ့တဲ့..သူ့လက်ရှည်ရှည်တွေကိုမကြာခဏမြင်ယောင်နေခြင်းများကို
ပြောသည်လား

ကြယ်ခြွေသူ (Completed)Where stories live. Discover now