Unicode
ဒါဘယ်နေရာလဲ.။
ကျနော်ဘယ်ကိုသွားနေတာလဲ။
ဘယ်ကိုဦးတည်ကာ..လမ်းလျှောက်နေပါသလဲ...အကြောင်းပြချက်က..ဝေဝါးစွာ..။ဟိုးအဝေးမှာ...
အဖြူရောင်တွေ..ဖုံးလွှမ်းနေတာက
.သေချာစိုက်ကြည့်မိတော့
Daisy.innocenceပန်းခင်းလေးပဲလှိုက်ခနဲပျော်သွားရင်း..
လှလိုက်တာ..!အတွေးနဲ့အတူ..ကျနော်ပန်းခင်းရှိရာ..
အပြေးသွားတော့..ဟင်!ပန်းခင်းထဲမှာ..လူတစ်ယောက်..ရပ်နေခဲ့တယ်...သူ...ဘယ်သူလဲ...??
မာန်..မာန်များလား!!
ဟုတ်ပါတယ်..မာန်ဖြစ်နေခဲ့တာ!!
အနားကိုကပ်သွားမိတော့..
မာန့်မျက်နှာပေါ်မှာမျက်ရည်တွေနဲ့ပါလားဘာလို့ငိုနေတာလဲမာန်ရယ်..
မျက်ရည်တို့သည်..အဆီးအတားမဲ့စွာကျဆင်းလျက်ရှိနေခဲ့သည်..။
မလိုက်ဖက်လိုက်တာ..။"ဟင့်အင်း..မငိုပါနဲ့မာန်..''
ကျနော်..သုတ်ပေးဖို့..လက်လှမ်းပြင်မိဆဲမှာပဲ
သူသည်ကျနော်နဲ့ဝေးရာ..ချောက်ကမ်းပါးတစ်ခုထိပ်ဖျားကို..ဦးတည်သွားနေခဲ့သည်..။အသက်မရှိတဲ့လူတယောက်လို
ငေးငိုင်စွာ..မလှုပ်မယှက်..သွားနေခဲ့တာကျနော်ဘာလို့မမှီနိုင်တာလဲ.
"မသွားပါနဲ့. ကျနော့်ကိုမထားခဲ့ပါနဲ့.''
အော်သံကိုကြားသွားသည်ထင်.!
မာန်သည်...ကျနော့်အားလှည့်ကြည့်လာခဲ့ရင်းတစ်ချက်.ခပ်ပါးပါး.ပြုံးသည်..။"ထွက်သွားခဲ့တာ..မင်းပါကလေးရယ်..''
သူ..ဘာကိုပြောတာလဲ??
အဖြေရှာနေစဉ်မှာပင်... မာန်သည်
ချောက်ကမ်းပါးထဲ ဆင်းကာသွားသည်.။မဟော်ဂနီရောင် ဆံနွယ်များဝဲပျံစွာ...
မသွားပါနဲ့..မာန်
မာန်မရှိရင်ကျနော်မရှိဘူးလေ..
ဟင့်အင်း..အဲလိုမဖြစ်ရဘူး..။အသည်းအသန်..ရှိုက်ကာငိုနေမိစဉ်
"လွမ်း..အိပ်မက်ဆိုးတွေမက်နေလား..လွမ်း..''
စိုးရိမ်စိတ်အပြည့်နဲ့..လှုပ်နိုးသံကြောင့်
ကျနော်နိုးထလာခဲ့သည်. ။