The last letter(2023)

37.2K 1.7K 64
                                    

Unicode

လွမ်းတယ်တဲ့..

ကလေးတစ်ယောက်ကကိုယ့်ကို
လာပြောတယ်..။သိလားဆတ်..
သူတို့မင်းကိုလွမ်းနေကြတယ်..

အမှန်အတိုင်းပြောရရင်
ကိုယ်လဲမင်းကိုလွမ်းပါတယ်...

ဒါပေမဲ့ဒီနှစ်မှကိုယ့အစအဆုံးပြန်ဖတ်မိတယ်
မတွေ့ဖြစ်ကြတာ3နှစ်ကျော်ခဲ့ပြီ

ကိုယ်မင်းရဲ့မျက်ရည်တွေထပ်မတွေ့ချင်လို့ပါ..

သိလားဆတ်..မင်းကိုကိုယ်သေဆုံးစေခဲ့တာ6နှစ်ရှိပြီ.။မင်းကိုစဖန်တီးခဲ့ချိန်က ကိုယ့်အသက်19
ဒါကြောင့်မရင့်ကျက်ခဲ့ဘူးနှစ်မင်းနဲ့ရွယ်တူနီးပါးပဲ

ကိုယ့်ကို အသိဆုံးလူတွေကပြောကြတယ်
ကိုယ်ကအရေးအသားမကောင်းတဲ့စာရေးဆရာဆိုရင်တောင်မှ
ကိုယ်ကတစ်ခြားလူတွေရဲ့ပျော်ရွှင်မှု နာကျင်မှုတွေကို ထပ်တူခံစားပေးနိုင်တယ်..ပြန်ပေးနိုင်တယ်တဲ့။

ကိုယ့်ရဲ့ပထမဆုံးစာအုပ်ကြယ်ခြွေသူကိုစရေးတဲ့အခါ မင်းက ကိုယ်တွေးမိတဲ့characterပါ..။

မင်းက ကိုယ့်ရဲ့ပထမဆုံးသားလေးဆိုပါတော့
ရှိုင်းဆတ်ဆိုတဲ့နာမည်လေးကိုအရင်ချရေးပြီးမှမင်းမြတ်နိုးရတဲ့သူ မင်းရဲ့အစ်ကိုစသဖြင့်ဖန်တီးဖြစ်ခဲ့တယ်..။

အဲတုန်းက ဒုတိယလူဆိုတဲ့နာမ္စား ဒုတိယလို့ပဲတွေးကြပေမဲ့ကိုယ်ကအဲအတွေးနဲ့ဒုတိယလူလုပ်ခဲ့တာမဟုတ်ဘူး
Main characterဖြစ်နေတဲ့ဒုတိယလူပေါ့

ယုံစရာမရှိပေမယ့်
ကိုယ်မင်းကိုဖန်တီးရင်း
သိပ်ချစ်ခဲ့မိပုံပါပဲ...

မင်းကကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်
ဒါကြောင့်ကိုယ်အမုန်းခံရတာကိုဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘူး

မင်းကိုချစ်တဲ့သူတွေများပြီး ကိုယ့်ကိုမုန်းတီးလာကြတဲ့အခါ.ရယ်မောမိတယ်...
ဒါပေမဲ့လွမ်းနဲ့မာန်ကိုတော့မမုန်းစေချင်ဘူး
မုန်းသင့်တာကဖန်တီးသူကိုယ်ပဲမလို့.

ကိုယ်ကလွမ်းဆိုတဲ့ကလေးငယ်ကိုအူယားပြီးရင့်ကျက်တဲ့မာန်ကိုမြတ်နိုးတာမလို့..

အခုတော့မင်းမှီခိုနိုင်တဲ့ လွိုင်ဇက်ဆိုတဲ့ကလေးနဲ့လည်းတွေ့ဆုံစေခဲ့ပြီ..။မင်းကိုချစ်ပေးပွေ့ဖက်စေချင်တဲ့လူတွေဆီလည်း ပထမအကြိမ် တတိယအကြိမ်ထိဒီနှစ်မှာပို့ပေးပြီးခဲ့ပါပြီ..။

ကြယ်ခြွေသူ (Completed)Where stories live. Discover now