Part.25(လျှို့ဝှက်ချက်)

63.8K 6.2K 828
                                    

Unicode

ဆေး..ပေးမည်ဟူသောအကြောင်းပြချက်နှင့်
သူ့ထံမှယူသွားခဲ့သော...
တစ်စုံတစ်ရာ..

ဆေးမရှိသဖြင့်..နှံးချိကာမတွန်းလှန်နိုင်ခြင်းကိုအခွင့်ကောင်းယူရက်လေသော
ထိုလူ...

အကြိမ်ကြိမ်...အခါခါ.တောင်းပန်နေခဲ့သော်လည်း
သူ့ဘဝဟာအသက်ဆယ့်သုံးနှစ်အရွယ်

လူလားတောင်..မမြောက်သေးခင်
အညွန့်ချိုးခံခဲ့ရလေခြင်း..။

မဖြူစင်တော့သောသူ့ကိုယ်ခန္ဓာအား
မသတီသော်ညား
အနိုင်နိုင်အားယူကာ.ထလိုက်သည်..။

နာကျင်မှုကတကိုယ်လုံးပျံနှံ့နေသော်လည်း
သူ့ရင်ထဲကနာကျင်မှုကို..မှီမည်တဲ့လား.။

ယောကျာ်းချင်းမွေးသည့်ကလေး..။
ငယ်ငယ်ရွယ်ရွယ် နဲ့အိမ်ပြေးဖြစ်ကာ
..လမ်းမှားရောက်သူ...။
ခု..အသွေးအသားပါပျက်စီးခဲ့ရလေပြီ..။

ကံကြမ္မာဟာအဲလိုပဲ
ရက်စက်ခြင်းတွေပဲ.ဆက်တိုက်.ယူဆောင်..လာ.လေတတ်သလား..

တရွတ်ဆွဲကာလျှောက်လာရင်း

ဆံပင်ဖရိုဖရဲကမျက်နှာသွယ်သွယ်ပေါ်..အုပ်နေကာလူရုပ်တောင်မပေါ်တော့ ပဲ
အကျႌ တပိုင်းတစဖြစ်နေသောသူ့ကို

လမ်းပေါ်ရှိ
လူအချို့ကအထင်သေးစွာ..ရှုံ့ချစွာ

ဘိန်းစားတယောက်ကို..ရွံရှာတာ
မှားသည်တော့မဟုတ်ပါ..။

ရိုက်ပုတ်နှင်ထုတ်တော့မည်
ထင်ရသည်အထိအကြည့်တွေက...တင်းမာလွန်းနေကြသည်..။

ဟက်..စိတ်မပူကြပါနဲ့..။
ကျနော်ဒီဘဝကြီးအဆုံးသတ်လိုက်တော့မှာ...။

ရောက်ရာပေါက်ရာလျှောက်လာရင်း

ပိတောက်တွေဝေနေသော
အပငိကြီးအောက်က
ရေကန်နား..ထိုင်ချမိလိုက်သည်..။

သူဝါဝါလွင်နေသော..ပိတောက်တွေကို
တချက်ကြည့်ရင်း
ဒီနေ့သင်္ကြန့်နေ့ပေပဲ...။

မွှေးပျံသောပိတောက်ကို
သူ..သိပ်နှစ်သက်ခြင်းတော့မရှိပါ..။

အနံ့စူးလွန်းသလိုသေချာကြည့်လျှင်..ဘေးနားကငုဝါပန်းကမှ..ပိုလှသေးသည်..။

ကြယ်ခြွေသူ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ