Unicode
ကိစ္စအမျိုးမျိုးကြောင့်
ပျက်ကွက်ခဲ့တဲ့ ရက်များစွာအတွက်
အလုပ်တွေပုံနေပြီမလို့
ဒီနေ့တော့company...ကိုသွားမှဖြစ်တော့မည်..။ကိုကိုကလည်း...ရှုတင်သွားပြီမလို့
အနည်းငယ်တော့...စိတ်ထဲ
ကျေနပ်မိသလိုလို...။ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်
လွမ်းကို
ကိုကို့ဘေးနားမှာ....မရှိစေလိုပါ..။ခဲမှန်ဖူးတဲ့..စာသူငယ်လို..သူဟာ
ကြောက်နေမိဆဲမို့...။"သွားတော့မယ်နော်...လွမ်း
စောင့်နေမယ်မလား..''လွမ်းက...မနက်စာမုန့်စားနေရင်းမှ
ခေါင်းညိမ့်ပြသည်..။"မြန်မြန်ပြန်လာခဲ့နော်..
ဆတ်မရှိရင်...မနေတတ်ဘူး''သူကတော့....ရိုးသားစွာအတွေးနဲ့
အေးအေးဆေးပင်
ပြောလိုက်တာမှန်ပေမဲ့အတွေးဆန်းသူ
ကိုယ်က...ရင်ထဲမှာနွေးကနဲ..။စားနေရင်းမှ
ဘာစိတ်ကူးပေါက်သည်...မသိ..။မုန့်ကိုပစ်ချရင်း
အခန်းဝနားမှာ
ရပ်နေသည့်..ကျနော့်လက်ဆွဲကာ
ကားနားထိလိုက်ပို့နေသည်..။ကျောင်းကို...ဆေးခွင့်ယူပေးထားတာမလို့
သူလေးအားနေသည်လေ..။အတိတ်မေ့တာ...မှန်ပေမဲ့
ဒီဇိုင်းပုံဖော်အရည်အချင်းကတော့
မပျောက်သွားပါ..။အသားမကျသေးလို့သာ
ခဏ အနားပေးထားခြင်းသာ..။ကားတံခါးတောင်..ဖွင့်ပေးတာမလို့
ကိုယ့်မှာ
အထူးအဆန်း..ဖြစ်နေရသည်..။နံနက်ခင်းရဲ့တောက်ပတဲ့နေခြည်အောက်မှာ
လွမ်းရဲ့အသားဖြူဥဥက
လင်းနေကာဆေးမကူပါပဲ
ချယ်ရီပြေးသောနှုတ်ခမ်းလေးက
ချိုမြမြရယ်ကာတွန်းရုပ်လေးတွေပါသော
အဝါတောက်တောက်လေးနဲ့...ချစ်ရသူသည်
ချစ်ဖို့ကောင်းတာထက်ကို...
ပိုပါသည်..။မနေ့ကပင်
ကိုယ်တို့က လက်ထပ်ပြီးသားလို့
့ပြောပြတော့အံသြသွားဟန်...ရှိသော်လည်း
ငြင်းဆန်ခြင်းတော့မပြုခဲ့ပေ..။