Part.8

65.6K 6.3K 758
                                    

Unicode

ဝှါး..!!နေ့လည်နေ့ခင်း
အပူဆုံးအချိန်...စာသင်ခန်းထဲမှာ
အိပ်ငိုက်နေရတဲ့အရသာဟာ
အင်မတန်ဆိုးဝါးလှတာ...!!

ဆရာမစကားတွေကလည်း..
နားထဲဝင်တချက်..မဝင်တချက်!

မဝင်တာဆိုပိုမှန်မလားပဲ

ဘာတွေသင်နေပါလိမ့်နော်!?

ဖုန်းထဲကmessageလာတဲ့အလင်းလေးပြလို့
စာအုပ်တွေကြားကနေ..မသိမသာဖွင့်ကြည့်လိုက်သည်.။

"ရိပ်..ကိုယ်ဒီနေ့ညနေရှုတင်ဘက်.... ်ခဏလာခဲ့ဦးနော်မတွေ့ရတာကြာပြီ''

လာမည်ဖြစ်ကြောင်းစာပြန်ပို့လိုက်သည်..။

ကြယ်ပုံဟမ်းချိန်းလေး....ပေးတဲ့
အဲနေ့ကစပြီး..သူနဲ့ကျနော်အတော့်ကို
ရင်းနှီးလာသည်..။

ရင်နှီးတာလဲသုံးလကျော်ရောပေါ့.။

စာတစောင်ဝင်လာပြန်တာမို့
ကြည့်မိတော့..ဆတ်...

"လွမ်း..သားရေ..အဖေကန်တင်းမှာ
စောင့်နေတယ်..နေပူတယ်
ကျောင်းပြေးရအောင်
မြန်မြန်လာ...''
ဟုတ်ပါ့.ပြေးချင်နေတာနဲ့အတော်ပဲ...!!

အတန်းနောက်အချိန်ပြောင်းတာစောင့်ရင်း
ဆရာထွက်တာနဲ့
ကျနော်ပါလိုက်ထွက်လိုက်သည်..။
အိုကေ...Role.callကိစ္စ
နောက်မှECနဲ့..ရှင်းလိုက်မည်..။

အခုတော့
ကန်တင်းကိုပြေးရင်း
ကားကိုမှီကာရပ်နေတဲ့..ဆတ်ကိုလှမ်းတွေ့တာကြောင့်

"ဆတ်..ကျောင်းပြေးမလို့လားဒီနေ့.''

ဆံပင်တို့ကိုတချက်ဖွာရင်း
ကော်လန်ကိုဆွဲဆန့်သည်..။

ပြီးမှ..'အေး'''

ဒါလေးပြောဖို့အရေး..ပဲကများနေသေးသည်..။

လှတဲ့လူကပိုလှချင်တယ်..ဆိုတဲ့
စကား..တကယ်မှန်သည်.။

ဆတ်ကရုပ်အတော်ချောသည်
ကြည့်ကောင်းသည်နှင့်အညီ
သူ့ကိုသူလဲsmartကျကျနေလေ့ရှိသည်..

မျက်နှာကိုလဲအမြဲဂရုတစိုက်
ပေါင်းတင်လေ့ရှိသည်..။
အသားအရေပြုပြင်ပစ္စည်းလည်းသူ့မှာ
အတော်များများရှိသည်။

ကြည့်လိုက်ရင်ငေးခနဲဖြစ်အောင်
ချောမောသူများရဲ့ရှားပါးစာရင်းတွင်
သူအမြဲပါသည်ပင်..။

ကြယ်ခြွေသူ (Completed)Onde histórias criam vida. Descubra agora