intro

332K 12.8K 736
                                    

Zawgyi

ကျနော်ချစ်သောကြယ်ကလေး

နင့်နင့်နဲနဲစူးနစ်စွာတဲ့ရင်ခုန်နှုန်းကိုအသာထိန်းရင်း
မင်္ဂလာခန်းမကြီးအတွင်းဝင်လာလိုက်သည်

လှပတဲ့အဖြူရောင်suitလေးက
ကျနော့်ကိုယ်ပေါ်မှာနေသားတကျရှိနေခဲ့သည်

ခန်းမလယ်က
ဖြတ်လျှောက်လာတဲ့ကျနော့်ကို
ဝိုင်းဝန်းကြည့်နေကြတဲ့ဧည့်သည်တော်တွေကတော့
ချစ်စဖွယ်သတို့သားလေးတစ်ဦးဟုမှတ်ယူကြလေမည်လား...

ကျနော်တချက်လှမ်းကာကြည့်မိလိုက်ပါရဲ့
အနက်ရောင်suitလေးနဲ့လိုက်ဖတ်လှတဲ့သူ...

ခန့်ညားတဲ့ဆံပင်တွေကိုသပ်လှန်ထားတာ
ဒါပေမဲ့ခင်ဗျားသိလားရှိုင်းမာန်..ကျနော်ကလေ
ကပိုကရိုကျနေတဲ့
ခင်ဗျား နဂိုဆံပင်ဝဲဝဲလေးတွေကိုသိပ်ချစ်တာ...

မြန်မာနိုင်ငံကထုံးစံအရboy to boyအချင်းချင်း လက်ထပ်တာ
နည်းနည်းတော့ အတင်းပြောစရာ ဖြစ်နေပုံပဲ
ဝေ့ဝဲလာတဲ့ အသံတွေက တီးတိုးရယ်~~~

ကျနော်သိပ်ချစ်ရတဲ့သူ့မျက်လုံးရီဝေဝေလေးတွေက
ကျနော့်ကိုကြည့်မနေခဲ့ပါ
ဒါပေါ့...ကျနော်ဆိုတာသူ့အတွက်အရေးမှမပါတာပဲ
အထင်သေးစရာ လူသက်သက်အပြင်မပိုခဲ့.

မိန့်ခွန်း ပြောပြီးတဲ့နောက်

"ဒီကမောင်လွမ်းရိပ် နဲ့ မောင်ရှိုင်းဆတ်တို့ တရားဝင် လက်ထပ်ပြီးပါပြီ"
Father ရဲ့စကားအဆုံးအသတ်လေးမှာ
ကျနော်တချက်တော့ ပြုံးလိုက်မိတယ် ထင်ပါရဲ့

သွယ်လျလွန်းတယ်လို့ လူတွေပြောဖူးတဲ့
ကျနော့်လက်ချောင်းလေးမှာ
ဆင်တူလက်စွပ်လေး စွပ်ပြီးသကာလ

သူဟာ အရယ်အပြုံးမရှိစွာ
လှည့်ထွက်သွားတယ်

ကျနော်နဲ့ဆင်တူဝတ်ထားတဲ့လက်စွပ်ပိုင်ရှင်လေး
ကတော့
သူနဲ့ရုပ်ချင်းကွဲသော်ညား
သူနဲ့သွေးသားတော်စပ်သူ.သူ့ညီအရင်း
ကျနော်ရဲ့သတို့သားရှိုင်းဆတ်

ဟုတ်ပါတယ်သူဟာကျနော့်သတို့သားရဲ့အကိုအရင်းရှိုင်းမာန်

ဘယ်သူမှမသိတဲ့ အမှန်တရားတစ်ခုက
သူဟာကျနော်သိပ်ချစ်ရတဲ့ တယောက်တည်းသောသူ

ကြယ်ခြွေသူ (Completed)Where stories live. Discover now