Unicode
ရင်နာပြီး...မွန်းကြပ်ဖွယ်..အတိပြည့်နေတဲ့
ကြယ်ခြွေသူဒီပုံပြင်ဟာ..ပျော်စရာ...ကောင်းတဲ့
ပုံပြင်တစ်ပုဒ်တော့..မဟုတ်ခဲ့ဘူး..။ဒါပေမဲ့စိတ်ဝင်စားစရာတော့
အနည်းငယ်...ကောင်းမယ်ထင်တယ်.။စိတ်ဝင်စားစရာကောင်းတဲ့.
ပုံပြင်တပုဒ်ဖြစ်ဖို့
လှပတဲ့မင်းသမီးလေးတွေ..မလိုအပ်ဖူးမလား..??ဘာလို့လဲဆိုတော့
ဒီပုံပြင်မှာ..သိပ်ချစ်တတ်ကြတဲ့...ကောင်လေး
သုံးယောက်ပဲ ပါဝင်ခဲ့ကြတာမလို့ပါ..။ပုံပြင်လေးမှာ
ကြယ်ကလေးကိုသာ.. မျှော်ကြည့်နေခဲ့တဲ့
ကလေးငယ်ဟာ
ပိုင်ဆိုင်လိုခြင်း..အတ္တတစ်စုံတစ်ရာမပါဝင်ခဲ့ရှာပါ..။ကလေးငယ်ကပြောတယ်..။
ဟိုးအဝေးက....ကြယ်လေးကို
ခူးဆွတ်ဖို့ဆိုတာ..ဖြစ်နိုင်ပါမတဲ့လားတဲ့..။ဒါပေမဲ့..ထူးဆန်းစွာပဲ
ကြယ်လေးဟာလဲ..ကလေးငယ်ကို..ထပ်တူ
ချစ်မြတ်နိုးခဲ့တယ်..။သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုပေးတဲ့
တယောက်သောသူ.မလို့
ပါတဲ့လေ..။နားမလည်နိုင်စွာ
ကလေးငယ်ဟာ...မေးခဲ့တယ်.။"အသင်ကြယ်လေး...ဒါဆိုဘာလို့ကျနော့်ကို
ကျောခိုင်းခဲ့ရတာလဲ..''ကြယ်လေးက..နူးညံ့စွာ..ပြုံးရင်း..ဖြေဆိုတယ်..။
"ကလေးငယ်.မင်းဟာ..ပျော်ရွှင်ခြင်းနဲ့သာ
ထိုက်တန်တာမလို့်ပါ..''ဒါပေမဲ့...ဒီပုံပြင်မှာ..
ကြယ်လေး..နဲ့..ကလေးငယ်...သာ
ဇာတ်ဆောင်တွေလို့..ထင်ရင်
သင်မှားသွားလိမ့်မယ်..။အဓိကကျတဲ့...နောက်တယောက်ပါသေးတယ်
သိပ်ချစ်တတ်တဲ့..ဒုတိယလူပေါ့..။သင်သိလား??
ဒုတိယလူပါမှ..ပုံပြင်ဆိုတာ
စိတ်ဝင်စားစရာ..ပိုကောင်းလာတာမျိုး..။ဟိုးအဝေးကကြယ်လေးကိုသာ
ငေးကြည့်နေခဲ့တဲ့..
ကလေးငယ်သူ့ဘဝတစ်ခုလုံးကို
သင့်ကိုချစ်ရင်းနဲ့သာ..ကုန်ဆုံးခဲ့ရှာလေတဲ့အနီးအနားကတစ်စုံတစ်ရာကို
သင်..ဘယ်သောအခါမှ..မြင်ခြင်းမရှိခဲ့ပါ..။