Unicode
"ဖေဖေ.တဲ့လား..မာန်လေးရယ်..''
ဘဝမှာပထမဆုံးကြားခွင့်ရသော...သားရဲ့
အသံလေးကို
ဦးငယ်.ပီတိဖြစ်စွာ.... ထပ်ခါထပ်ခါ..ကြားယောင်နေသဖြင့်ရှေ့မှာ...ရပ်နေသည့်..သူကိုတောင်..
သတိမထားမိတော့.."မာန့်ကိုဆုံးမတာ ..ဝင်မတားစမ်းနဲ့..!!''
အသံကြားမှ..လူက..
အသိပြန်ဝင်လာသည်..။သူ..
တချိန်ကရင်နဲ့အမျှ...ချစ်ခဲ့ရပါသောသူ..။အသက်လေးဆယ်ကျော်ဖြစ်နေပြီ..ဖြစ်သော်လည်း
သူဟာအရင်တိုင်း...ချောမောခန့်ညားဆဲ..။အရှိန်အဝါရှိတဲ့...အရောင်တမျိုးဟာ
သူ့ပေါ်မှာထင်ဟပ်နေဆဲပင်..။နှစ်ပေါင်းများစွာအတွင်း
သူဟာ..ဘာမှ.မပြောင်းလဲခဲ့ပါ.။အရင်လိုဂုဏ်အတ္တတွေနဲ့.....
မောက်မာနေဆဲ..ပါပင်..။မတ်မတ်ရပ်နေတဲ့...ကိုယ်အနေအထား
မျက်နှာအသွင်အပြင်ဟာ..
မာန်နဲ့မတူခဲ့ပါ..။သူမချစ်သောမိန်းမရဲ့သား...ဆတ်နဲ့သာတူနေတာ
သူ့ကိုယ်သူတောင်သိပါလေစ..။အပြစ်ကင်းသော..ကလေးငယ်ရဲ့
မျက်နှာလေးကိုတွေးမိတော့
သက်ပြင်းချမိသည်..။အဖေ့မေတ္တာရော.အမေ့မေတ္တာ ပါမရရှာတဲ့
ထိုကလေးရယ်..။ဒါကြောင့်ပဲသူ့ဘေးနားမှာရှိတဲ့...
တယောက်တည်းသောချစ်ရသူ..ကို
တရားလွန်စွဲလမ်းသွားခြင်း..ဖြစ်ပေလိမ့်မည်..။ရှိုင်းဆတ်ဆိုသည့်ကလေးငယ်
ဘယ်လောက်တောင်
စိတ်ဒဏ်ရာရတွေများ.ရခဲ့ရှာမလဲ..??သူ့သားအရင်းမဟုတ်ပေမဲ့
ဆတ်လေးကို..မာန်ကဲ့သို့ပင်
ချစ်မိသည်ပင်ဒါတွေအကုန်လုံး...သူ့ကြောင့်..
စိုက်ကြည့်မိရင်း"လွှတ်ပေးလိုက်ပါတော့..မာန့်ကို
ပြီးတော့..''သူက..စားပွဲကိုမှီကာမျက်ခုံးတွေ...တွန့်ချိုးလျက်
ခပ်ယောင်ယောင်ပြုံးသည်..။"ပြီးတော့..ဘာဖြစ်လဲ.''
"ကျနော့်ကိုရော..''
"မာန်တောင်...အရွယ်ရောက်နေပြီ
မင်းကိုယ့်ကို...အခုထိခွင့်မလွှတ်နိုင်သေးဘူးလား
မာန်လိုတာ..ဘာမဆိုကိုယ်ပေးမှာ.းအမွေတွေ..သူ့ကိုအကုန်..''