Part.7

68.4K 6.5K 676
                                    

Unicode

..အိပ်ရာဖြူဖြူလေးထက်..အိပ်စက်နေလေသော..မျက်နှာနုနုလေးပေါ်ကျလာတဲအလင်းရောင်တချို့ကို
အနည်းငယ်ရှောင်ကာလွဲမိသည်.....

မဖွင့်ချင်သေးသောမျက်လုံးများကြောင့်..
ဆက်အိပ်ဖို့ကြိုးစားမိတော့

"ကဲ..ငပျင်းလေး..ထမှာဖြင့်ထတော့
ဘယ်နှယ့်လူနာကသူအိပ်တာပြန်စောင့်နေရတယ်လို့ '''

ဟမ်...ကျနော့်ကိုပြောနေတဲ့
အသံကြောင့်အမြန်ထကြည့်မိတော့...

ဆတ်ကကုတင်ဘေးမှာထိုင်နေလေသည်
ကျနော်ကကုတင်ပေါ်ရောက်လျက်

"..ဆောရီးဆတ်ရယ်
ငါအိပ်ပျော်သွားတာ..''

ဆတ်ကယောကျာ်းပီပီသသ
နှုတ်ခမ်းဆူကာမျက်စောင်းထိုးရင်း.

"အော်..အေးအေး
သိပ်ကောင်းတယ်ငါအဖျားတတ်ရင်သိလိုက်မှာတောင်မဟုတ်ဘူး''

"ဟီး..''
သွားဖြိီးပြရင်း
မနေ့ကအခြေအနေကိုပြန်သတိရသွားတာကြောင့်

"ဟိုလေ.ဆတ်
မနေ့ကငါတကယ်တောင်းပန်ပါတယ်
လူတယောက်ဒဏ်ရာရနေလို့ပါ....
အဲလူကငါ့ရဲ့...''

"မသိချင်ဘူး''
ဖြတ်ပြောလိုက်သောသူ့စကား

""ငါမသိချင်ဘူး..လွမ်းရိပ်
မနေ့ကအခြေအနေဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
ထားလိုက်တော့'''

မနေ့ကတောင်အရမ်းကိုစိတ်ဆိုးနေခဲ့ပြီး
ဒီနေ့ကျတော့..ထားလိုက်တော့တဲ့လေ..။

တခါတခါကျနော်ဆတ်ကိုတကယ်နားမလည်ပါ..။

""ထားလိုက်တော့လို့ပြောတာနော်လွမ်းရိပ်
ငါမေ့ပစ်လိုက်တာတော့မဟုတ်ဘူး'''

သူပြောတဲ့စကားကိုကျနော်
အဖြေရှာဖို့စဉ်းစားနေရင်း..

"မြေးတို့ရေ....နိုးရင်
ဆင်း ခဲ့ကြတော့..မနက်စာ စားရအောင်'''

အောက်ထပ်ကဘွားရဲ့ခေါ်သံကြောင့်
စကားစပြတ်သွားရသည်..။

မနက်ခင်းထမင်းဝိုင်းမှာ
မျက်နှာငယ်သူ..ကျနော်လွမ်းရိပ်...

""ဆတ်..မြေးလေးကြိုက်တဲ့စွပ်ပြုတ်လေး
ဘွားမနက်စောကြီးထဲက
သေချာချက်ထားတာ..''

ကြယ်ခြွေသူ (Completed)Where stories live. Discover now