Zawgyi
ပြာလဲ့လဲ့ကောင်းကင်မှာ တိမ်ဖြူဖြူအချို့က
ပန်းပွင့်တို့ကြဲကာ ပက်ထားသလို
ဟိုတစဒီတစ ငွေရောင်အနားအသတ်များနဲ့ အမျှင်တန်းကာ သိပ်ကိုလှလို့နေလေရဲ့~~~~နူးညံ့တဲ့နွေဦးလေအဝှေ့မှာ ပါလာတဲ့
တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းဖွင့်ရက်မို့
အသံတွေက ဆူညံရိုက်ခတ်စွာ..လွတ်လပ်ပေါ့ပါးသောပုံရိပ်တွေနဲ့ လူငယ်များက ကျောင်းတွင်းအနှံ့ နေရာယူထားသည်....
ပျော်စရာတော့ကောင်းသားရယ်..။ကျနော်တချက်ပြုံးကာအဝင်~.~
"လွမ်းရေ"
လွမ်းရိပ် ဆိုသော>.<
ကျနော့်နာမည်ကိုအဖျားဆွတ်သည်ကိုတကယ်မကြိုက်ပါ..သို့သော်ကျနော်ရဲ့ ချစ်လှစွာသော သူငယ်ချင်းရှိုင်းဆတ်ကတော့
တသသခေါ်လေ့ရှိသည်လွမ်း ဆိုသည်မှာ မိန်းမဆန်လွန်းတယ်မလား..
"မင်းကိုအဲလိုကြီးမခေါ်နဲ့လို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"အလိုလေး..လွမ်းရယ်..ကိုယ့်ကိုစိတ်ဆိုးနေတာပေါ့"
ရှိုင်းဆတ် ဆိုတဲ့ငတိဟာ
ကျနော့်ကိုစနောက်ဖို့ဆို မွေးရာပါပါရမီ ပါလာသလားတောင် ထင်ရတာမို့
အကျင့်တောင်ဖြစ်နေပြီ"တိတ်စမ်း..ငါမင်းကိုစိတ်မဆိုးချင်ဘူး"
"ဆိုးတော့လဲခံရမှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ
အဟက်'ကျနော်တကယ်မနိုင်ပါသူ့ကို..ထားပါတော့
သဘောကောင်းတဲ့ကျနော်ကပဲ
သည်းခံလိုက်ပါမည်လေ~.~ဝင်ရမယ့်အတန်းလိုက်ရှာကာ
အခန်းထဲရောက်သည်နှင့် တပြိုင်နက်
ဘေးနားက အမောင်ရှိုင်းဆတ်ရဲ့ ပြောင်စပ်စပ်အခွက်သည် တည်တံ့ကာသွားသည်အတန်းထဲက80%သော ကောင်မလေးတွေရဲ့
မျက်ဝန်းနဲ့ စိတ်အာရုံ က
သကောင့်သားအပေါ်မှာ ရစ်ဝဲနေလေရဲ့ဂျင်းဘောင်းဘီအနက်ကို ရှည်လျားသော သူ့အရပ်နဲ့
အချိုးညီစွာဝတ်ဆင်ထားပြီး ဖြူဝင်းသောအသားကို ရှပ်အစင်းနက်ပြာနဲ့ တွဲဝတ်ထားသည်မျက်ခုံးကကော့ကော့.နှာတံစင်းစင်း..ဆံပင်ရွှေရောင်ဖျော့ဖျော့တို့ကနဂိုပင်ချောမောသောရှိုင်းဆတ်ကို
ပို၍ပို၍မင်သက်ငေးမောစေ သည်ပင်~~~