Unicode
နိုဝင်ဘာလဖြစ်သော်လည်း
ထူးထူးခြားခြား တစိမ့်စိမ့်ဖွဲနေသောမိုးရေစက်များမုန်တိုင်း ရှိနေသောကြောင့်ပဲလား
ဒီနေ့အဖို့မနက်တည်းက..မှုန်မှိုင်းနေခဲ့သည်..။
မီးခိုးရောင်ပြေးနေသောတိမ်တိုက်များ..ကအုပ်မိုးလျက်..တဖြည်းဖြည်း ချင်း
စီးကျလာသောမိုးရေစက်..အချို့သည်သစ်ရွက်လေးတွေမှတဆင့်
ရေကန်ငယ်ထဲသို့..စီးဝင်သောအခါ
ချိုမြိန်သောတေးသံသာဖြစ်စေသည်..။ထိုသို့လှပသော..သဘာဝရဲ့လက်ဆောင်ကိုလည်း
သတိပြုမိပုံမရ...
မိုးခိုခြင်းလည်းမပြုသည့်လူသားတစ်ယောက်သည်
ရန်ကုန်မြို့ရဲ့လမ်းမထက်ရှိနေခဲ့သည်..။လူတချို့သည်
မိုးရေကြောင့်ခိုနားရာအမြန်ရှာနေရင်းမှပင်
တကယ်ကိုချောမောသောထိုသူပုံစံကြောင့်
ငေးကြည့်သွားကြသည်..။အဖြူရောင်ရှပ်အရှည်သည်
ဖြူသောအသားအရေနဲ့ လိုက်ဖက်စွာကြည့်ကောင်းလွန်းသောမျက်ဝန်းအစုံသည်
မိုးတိမ်နှင့်အပြိုင်မှိုင်းညို့နေခဲ့သည်..။မဟော်ဂနီရောင်ဆံနွယ် တို့သည်
မိုးရေများစိုကျနေသော်ညား....
တမျိုးုကြည့်ကောင်းနေသယောင်မေးရိုးသွယ်သွယ် သည်
မဲ့ပြုံးခြင်းကိုဆင်မြန်းခံရသောအခါ
လှပသောပါးချိုင့်လေးတဖက်ကခွက်ဝင်လာလျက်ချောသည်ထက်ပိုသော
ထိုသူသည်...မိုးရေထဲအေးဆေးစွာပင်
လျှောက်လှမ်းလာခဲ့ပါချေသည်..။မိုးစက်အချို့သည်သူ့ဆံနွယ်ကြားမှဖြတ်ကာ
လက်ဖျံတလျောက်စီးဆင်းသွားသည်.။သူချစ်သောမိုး...
မာန်..သည်မိုးကိုသိပ်နှစ်သတ်ပါသည်....။
တိတ်ဆိတ်လွန်းသောသူ့ဘဝကိုမိုးစက်သံဖြင့်
လွှမ်းခြုံနိုင်သည်..။အထီးကျန် သောသူ့ဘဝကိုမိုးစက်များက
နူးညံ့စွာ..အဖော်ပြုပေးသည်..။ပူလောင် သောစိတ်အစဉ်သည်အေးမြသော
မိုးရေများကြားပယ်ဖျောက်နိုင်သည်..
။
