Unicode
ပြုံးတာတောင်မရှိဖူးတဲ့ကိုကိုဟာ
ထူးထူးခြားခြား...ပါးချိုင့်လေးခွက်ဝင်အောင်
ရယ်မောနေခဲ့လေရဲ့။ဘေးနားကဦးခန့်ကိုလှမ်းမေးမိတော့လဲ
သိပုံမရ..။သေချာလှမ်းအကြည့်...လက်ထဲကိုင်သွားသည်ကကြယ်ပုံဟမ်းချိန်းလေး နှစ်ခု..။
ပုံစံလေးဆန်းသည်မို့..မျက်စိထဲစွဲသွားခဲ့တာ
ရင်ကွဲစေသည့်အကြောင်းတရားဖြစ်သွားခဲ့တာတဲ့လားလွမ်းလက်ထဲမှာပတ်လာခဲ့တဲ့ဟမ်းချိန်းလေးဝကိုမြင်မိခဲ့ချိန်...
ဒီအချိန်အထိသူမယုံခဲ့သေးပါ..။မဟုတ်ပါစေနဲ့..အကြိမ်ကြိမ်ဆုတောင်းမိရင်း
လွမ်းသွားနေကြဖြစ်တဲ့
ရှုတင်ကမင်းသားရဲ့နာမည်သိချိန်
မာန်တဲ့လား..။လက်မထပ်ပါဘူးဟုခါးခါးသီးသီး
ငြင်းခဲ့သည့်လွမ်းကကိုကို့ကိုတွေ့ပြီးတဲ့နောက်တနေ့မှာပင်
လက်ထပ်ပါမည်ချက်ချင်းဖြစ်သွားခဲ့တာ
ဘာအကြောင်းကြောင်းလဲ
သူသိပါရက်နဲ့..မသိချင်ယောင်ဆောင်ခဲ့တာညတိုင်းကိုကိုပြန်အလာကို...
ထိုင်စောင့်ပေးနေခဲ့တဲ့
လွမ်း....ညဥ့်နက်သန်းခေါင်
ခြံထဲမှာရှိုက်ကြီးတငင်ငိုနေခဲ့တဲ့လွမ်း...အရာအားလုံးကိုသည်းခံနိုင်ရလောက်အောင်
မင်းပေါ်ငါသိပ်ချစ်ခဲ့ပါတယ်.ဒါပေမဲ့လဲအဲသည်းခံနိုင်စွမ်းက
ကိုကိုကမင်းကြောင့်ဒဏ်ရာရခဲ့တာဆိုတဲ့
စကားမကြားခင်အချိန်အထိပဲကိုကိုကလဲမင်းကိုချစ်နေတယ်ဆိုတဲ့
အကြောင်းတရားကိုသိရချိန်မှာ
သိပ်ကြောက်မိခဲ့တယ်..။မင်းငါ့ အနားကထွက်သွားမှာ...
ငါသိပ်ကြောက်ခဲ့တယ်
လွမ်း.။
ငါသိပ်ကြောက်တယ်ဝေ့ဝဲလာတဲ့မျက်ရည်တစကို
လက်ဖမိုးဖြင့်ခပ်ကြမ်းကြမ်းဖိသုတ်မိလိုက်သည်..။မင်းနဲ့ပတ်သက်ရင်
ငါဟာမျက်ရည်သိပ်လွယ်တတ်ပြန်ပြီ..။ကုတင်ပေါ်ကိုလှမ်းအကြည့်
ဒဏ်ရာအရှိန်ကြောင့်သောက်ထားရတဲ့
အကိုက်အခဲပျောက်ဆေးတွေထဲ
အိပ်ဆေးပါသည်ထင်ပါရဲ့