part.2

103K 8.5K 338
                                    

Zawgyi
ဝေ့ဝဲလာသော ခပ်အေးအေးလေပြေညှင်းကြောင့်
အနည်းငယ်လှုပ်ခတ်သွားသော
ကန်ရေပြင်မှ လှိုင်းဂယက်ငယ်...

တချက်စိုက်ကာကြည့်ရင်း
ညိုပျော့ပျော့ဆံပင်တွေကို ရှုပ်နေအောင်
လက်နဲ့ထိုးကာ ဖွမိသည်..

တခါသာတွေ့လိုက်ရသောလူကို စောင့်နေမိတာ
ကျနော်အရူးလား??

ထိုလူကရော ဘာလို့ပြန်မလာတာလဲ???

မဟုတ်သေးပါဘူး ကျနော်ကရောဘာလို့
စောင့်နေမိတာ???

အဖြေမရှိသော မေးခွန်းများစွာဖြင့်
တယောက်ထဲ ကမ္ဘာပတ်ရင်း

ပုံလည်းဆက်ဆွဲချင်စိတ် မရှိတော့တာမို့
ထရပ်ရန်ပြင်လိုက်ကာမှ

ကျနော့်အပေါ်လူတယောက်ရဲ့အရိပ်က
အုပ်မိုးလာတာကြောင့်
အမြန်မော့ကြည့်လိုက်တော့~~

"ဟင်''

မဟော်ဂနီရောင် ဆံပင်များကခါတိုင်းလိုပင်
လည်ဂုတ်ထိအောင်ဝဲနေပြီး
သူ့မျက်နှာပေါ် အနည်းငယ်ကျကာ
တဖြတ်ဖြတ်
ရိုက်ခတ်နေသည်မှာ တလွင့်လွင့်~~

ဒီတခါလည်း အတော်ကြာအောင်
ကျနော်ငေးမိနေပြန်သည်...

ညနေဆည်းဆာရဲ့ဖျော့တော့တဲ့ အလင်းဝါဝါလေးတွေဟာ
ခံညားချောမောပါသော
သူ့ကိုယ်ဟန်ကို
ရွှေရောင်တောက်ပသွားစေသည်~~

ခရမ်းရင့်ရောင်ရှပ်လက်ရှည်ကို
တံတောင်စစ်လောက်နားထိ ခေါက်ထားပြီး
ခပ်မတ်မတ်ရပ်ကာ

ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖတ်ကိုထည့်ရင်း
ကောင်းကင်ကိုငေးနေပုံက
မြင့်မားတဲ့သူ့အရပ်နဲ့ တကယ်ကို
ကြည့်ကောင်းလွန်းနေခဲ့တာ....

ပုစွန်ဇီရောင်ပြေးကာနေတဲ့ ကောင်းကင်ပြင်ကို
နောက်ခံထားတဲ့ သူ့ပုံရိပ်ဟာ
သိပ်ကိုလှပလွန်းတဲ့ပန်းချီကားတစ်ချပ်လို~~

ကျနော်ဖမ်းဆုပ်ထားချင်မိတဲ့ပုံရိပ်လေးတစ်ခုလို~~~

ဘေးကိုစောင်းငဲ့အကြည့်
ကျနော်မြင်တွေ့နေရပြီဖြစ်တဲ့သူ့မျက်ဝန်းတွေ
သိပ်ကိုကြည့်ကောင်းတာမှန်ပေမဲ့

ဘာကြောင့်များ
တောက်ပမှုကင်းမဲ့နေခဲ့ရပါသလဲ??

မလိုက်ဖတ်လိုက်တာပါလားနော်~~~

ကြယ်ခြွေသူ (Completed)Where stories live. Discover now