Unicode
မနက်ခင်း....နေရောင်ခြည်ဖျော့ဖျော့လေးများက..မဟော်ဂနီဆံပင်လေးများပေါ်
ကျဆင်းသောအခါလှပစွာဖြာလျက်....ဒဏ်ရာများကြောင့်ထင်
တချက်တချက် ထထညီးညူလျက်ရှိသည်..။တညလုံးထိုင်စောင့်ပေးနေတာမို့
ခုချိန်ထိကျနော်မအိပ်ရသေးပေ...မနက်ကျမှမာန်ဟာသတိရစပြုလာခဲ့သည်
စောင့်နေသည့်ကျနော့်ကိုတွေ့တော့....အားယူကာပြုံးကာပြသည်။ဝမ်းနည်းရိပ်အပြည့်နဲ့မာန်အပြုံးတွေဟာ
ခါတိုင်းလိုပင်ရွှင်လန်းခြင်းမရှိခဲ့..။ဘယ်တော့မှ ကျနော့်ကြယ်လေး
လွတ်လပ်စွာရယ်မောမှာတဲ့လဲ...။"မာန်..သတိရလာပြီလား''
ခေါင်းတချက်အသာညိမ့်ရင်း
"ကျေးဇူးပဲ..ရိပ်
ကိုယ့်အနားမှာအမြဲရှိပေးလို့'''တိုးလျစွာ..ကျေးဇူးတင်စကားဆိုသည်
မလိုကြောင်း..ပြောမည်အပြုရုတ်တရက်အခန်းထဲဝင်လာတဲ့...
လူတစ်ယောက်!"မာန်...သက်သာရဲ့လား'''
နူးညံနေခဲ့တဲ့မာန့်ရဲ့ မျက်လုံးများသည်
ရုတ်ခြည်းပင်ခက်ထန်သွားခဲ့သည်..."ထွက်သွား..
ခင်ဗျား မျက်နှာကျနော်မမြင်ချင်ဘူး
ပြောထားတယ်မလား '''ထိုလူကအသက်သုံးဆယ်ကျော်
အရွယ်လောက်ရှိပြီး
ရုပ်ကမာန်နဲ့အနည်းငယ်ဆင်သည်..သို့သော်ကျနော်ချစ်ရတဲ့မဟော်ဂနီရောင်
ဆံပင်များကိုတော့
ပိုင်ဆိုင်ထားခြင်းမရှိ..။ဘယ်လိုလူမလို့ဒီလောက်မာန်....
ခါးသီးစွာ...
ငြင်းပယ်နေရပါသလဲ..။"မာန်....သက်သာရဲ့လား လာကြည့်တာ'''
"မလိုဘူး..အခုထွက်သွား'''
ထိုသူကသက်ပြင်းတချက်ချကာ
အသာထွက်သွားသည်..။"ရိပ်..မနားရသေးဘူးမလား
ကိုယ်တကယ်...အားနာတယ်
ပြီးတော့ကိုယ်လဲခဏနေမန်နေဂျာကိုပြောပြီး
ဆေးရုံဆင်းလိုက်တော့မယ်
ရိပ်သွားနားတော့နော်'''
