Part.11

64.5K 6.2K 931
                                    

Unicode

ပန်းမျိုးစုံပွင့်ဖူးနေတဲ့ဥယျာဉ်ကြီးအတွင်း
ကားကိုထိုးစိုက်ပြီးသကာလ...။

တကယ်ကိုကျယ်ဝန်းခံ့ညားတဲ့ဧည့်ခန်းအတွင်း.
ကျနော့်လက်ကိုဆွဲကိုင်ကာ..
ဆတ်ဟာတလှမ်းချင်းဝင်လာတယ်...။

အပေါက်ဝမှာ
သပ်ရပ်စွာဝတ်ဆင်တဲ့အသက်40ကျော်50နီးပါး
လူကြီးတယောက်က
ကျနော်တို့ကိုပြုံးကာဆီးကြိုရင်း

"သခင်လေးတို့အခန်းကအပေါ်ထပ်မှာပဲပြင်ထားပါတယ်...သခင်လေးမာန်လဲရောက်နေပါပြီ...
ဘာလိုအပ်တာရှိပါသေးသလဲ??'''

ဆတ်ကပြုံးကာ...
"ရပြီ..ကျနော်တို့လိုအပ်မှပဲလှမ်းခေါ်မယ်
လွမ်း..ဒါဒီအိမ်ကြီးရဲ့အိမ်တော်ထိန်း..ငါတို့ညီအကိုကိုငယ်ငယ်ထဲကစောင့်ရှောက်ခဲ့တာ...'''

နှစ်လိုဖွယ်အပြုံးနှင့်ထိုလူကြီးကို..ကျနော်မြင်မြင်ချင်းခင်မင်မိသည်..။

အပေါ်ထပ်ရောက်တော့လဲ..ဆတ်နဲ့ကျနော့်အတွက်အခန်းက..အိမ်တလုံးစာလောက်ရှိသည်..။

"အား!!!''

ရေအရင်ဝင်ချိုးရင်း..အပြင်မှအော်သံကြားရတာကြောင့်အမြန်ပြေးထွက်လာမိသည်..။

"ဘာဖြစ်လို့လဲ ဆတ်..''

ဒီဘက်လှည့်လာတဲ့ဆတ်ရုပ်ကမချိုမချဉ်

"အော်ကြည့်တာလေ...လက်ထပ်ပြီးသွားတာတကယ်လား..အိပ်မက်လား...သိရအောင်..ဟီး''

ဖြစ်ရလေဆတ်ရယ်...ဆတ်ကကျနော့်မျက်နှာကိုကြည့်မနေ..ဘယ်ကိုကြည့်???

"အဲ''
ကျနော်အမြန်ထွက်လာတော့..အပေါ်ပိုင်းကဗလာ
အောက်ကတဘတ်ပတ်ထားတာ...။

"အဟက်...''

ခနိုးခနဲ့ရယ်သံကြောင့်အမြန်ရေချိုးခန်းထဲပြန်ဝင်ရသည်..။
ဒင်းနဲ့ကတော့လေ..။

ရေချိုးပြင်ဆင်ကြပြီးသည်နှင့်
ညစာစားဖို့လာခေါ်သဖြင့်...ထွက်လာခဲ့လိုက်သည်..။

"ကိုကိုရော...ဦးခန့်..''

မာန့်ကိုမတွေ့သဖြင့်ဆတ်ကလှမ်းမေးခြင်းပင်..။

"သခင်လေးမပြန်လာသေးပါဘူး..''

အနည်းငယ်ပဲစားရင်း.ပင်ပန်းပြီမို့အခန်းထဲမြန်မြန်ပြန်လာခဲ့သည်..။

ကြယ်ခြွေသူ (Completed)Where stories live. Discover now