Unicode
ဆေးရုံခန်းထဲ..
သူတဖြည်းဖြည်းဝင်လာလိုက်သည်..။ကုတင်ပေါ်မှာ
လဲလျောင်းနေသည်က..ဆံပင်ရွှေရောင်နဲ့ကောင်လေးရယ်
ဆံပင်အညိုခွေခွေနဲ့ကောင်လေးရယ်..
ချောမောသည်ထက်ပိုပါသော...
ကောင်လေးနှစ်ယောက်နှစ်ခြိုက်စွာ
အိပ်ပျော်နေကြပေသည်လား..??သူဒီတိုင်းသာကြည့်နေမိသည်..။
"နှစ်ယောက်စလုံးသေဆုံးချိန်ကစက္ကန့်ပဲ..
ကွာပါတယ်တဲ့.''ဆရာဝန်ကနေတဆင့်
ပြန်ပြောတဲ့အတွင်းရေးမှူးရဲ့စကားတွေ
သူ့ကိုပြောနေကြသည်လား..??ဒါတွေသူမကြားပါ....။
"ဖြစ်ရလေ..ကလေးတွေရယ်''
ငိုကြွေးနေရှာသော..ငယ်နဲ့ဦးခန့်ရဲ့အသံတွေဒါတွေလဲသူမကြားပါ..။
သူသိသည်က..သားလေးအိပ်နေတာ..
တဖြည်းဖြည်း ချင်း
သူဘေးနားမှာသွားထိုင်ကာ
ဆံပင်ရွှေရောင်လေးတွေကို..အမြတ်တနိုး
နမ်းရှိုက်မိသည်..။"ဖေဖေ့သားငယ်အိပ်သွားခဲ့ပြီပဲ..''
အေးစက်နေပြီဖြစ်သော
သားရဲ့လက်လေးတွေ
ဆုပ်ကိုင်မိရင်း"ဖေဖေ့ကိုမစောင့်တော့ဘူးလား..ကလေး..''.
အမြဲတစေ
သူ့အားမျှော်လင့်တကြီး
ကြည့်လေ့ရှိသောမျက်ဝန်းလေးများပြန်ဖွင့်လာခြင်းမရှိတော့ပါ..။
"ထဦးလေ..
ဖေဖေ့ကို..အပြစ်တင်ဦးလေ
မိုက်မဲလွန်းတဲ့ဒီအဖေကို
ရန်တွေ့ပါလား..ကလေးရယ်.''အေးစက်သော်ညား
ပြုံးယောင်သန်း နေသော
သားနှုတ်ခမ်းလေး..။ပျော်တယ်မလားသားငယ်.
သားချစ်ရတဲ့သူနဲ့တူတူသွားခွင့်ရလို့လေ...။သားကြီးမာန်အိမ်ကထွက်သွားသည့်နေ့ကစ
သားလေးသည်သူ့ကိုအမြဲ
အိမ်ပြန်စောင့်နေခဲ့ပေဖူးသည်..။သားဟုခေါ်လာမည့်သူ့စကားကို
အားကိုးတကြီးမျှော်လင့်နေခဲ့ပေဖူးသည်..။မာန့်ကိုပွေ့ဖက်ထားသည့်
သူ့ရင်ခွင်ကို..ထောငိ့အကွယ်လေးက
ငေးမောနေခဲ့ဖူးသည်..။