Part.22

54.3K 5.6K 546
                                    


Unicode

မလှပတဲ့့အညတရပုံပြင်လေးတစ်ပုဒ်
ကြယ်ခြွေသူမှ
ဒုတိယမြောက်သင်ခန်းစာငယ်...

Remember!
You can back to get in something, without
your heart handed for someone.

ပြန်တောင်းယူလို့ရတဲ့...အရာတွေထဲမှာ
ူတစ်စုံတစ်ယောက်အပေါ်..ပေးအပ်ခဲ့တဲ့သင့်နှလုံးသားတစ်စုံမပါဝင်တာသတိရပါ...🍀

Dear.my reader,🍀
တစ်စုံတစ်ယောက်အပေါ်..
ခင်ဗျားရဲ့နှလုံးသားတခုလုံးနဲ့..
ချစ်မိလိုက်တဲ့အခါ

အချိန်သိပ််မလွန်ခင်...ပြန်တောင်းယူလိုက်ပါ..။

မဟုတ်လို့ရှိရင်
ခင်ဗျားနှလုံးသားကို..ခင်ဗျားထာဝရဆုံးရှုံးသွားရလိမ့်မယ်..🍀

ကြယ်ခြွေသူ⭐⭐⭐

စက်တင်ဘာလ ရဲ့
မိုးနံ့ခပ်သင်းသင်းရောနေတဲ့
ညနေခင်းရဲ့..လွမ်းမောဖွယ်..လေပြည်ထဲမှာ...

မြေးကိုချစ်သော
အဘွားအိုတစ်ယောက်ရဲ့..ဂရုဏာသက်ဖွယ်
ချစ်ခြင်းတရား..တွေ..ပါဝင်နေလေရဲ့..။

Singapore နိုင်ငံရဲ့
သီးသန့်လူနာဆောင်အတွင်းဝယ်

အဘွားအိုဟာ
ဆည်းဆာရောင်ကောင်းကင်ကို
..ပြတင်းပေါက် မှတဆင့်လှမ်းကြည့်ရင်း
တွေးတောနေခဲ့သည်..။

တလတောင်...ခံဖို့မကြာတော့တဲ့
သူမရဲ့..လူ့ဘဝသက်တမ်းလေးထဲမှာ

ထွက်သွားရတော့မယ့်အကြောင်း
မြေးလေးကိုအသိမပေးလိုတော့တာ

ချစ်ရတဲ့..မြေးလေးကို
မနာကျင်စေလိုတဲ့
ဖြူစင်သော သူမရဲ့ချစ်ခြင်းတရားရယ်ပါ..။

မြေးလေး..လွမ်း...

မျက်လုံးဝိုင်းဝိုင်း..အသားဖြူဖြူဥဥလေးနဲ့
ချစ်ဖွယ်ကောင်းလှသော
မြေးလေးကို

မတ်လရဲ့
တခုသောသန်းခေါင်ယံမှာ
သူမဘဝရဲ့အလှပဆုံးလက်ဆောင်အဖြစ်
ဘုရားသခင်က..ပေးသနားခဲ့သည်..။

ငယ်ငယ်လေးထဲက
အဖေမရှိ..အမေမရှိဆွေမျိုးမရှိ
မြေးလေးသည်..သူအားငယ်ကြောင်း
အဘွားဖြစ်သူကို
အရိပ်အယောင်ပင်ပြလေ့မရှိပါ..။

နူးညံသလိုနှင့်
ကြံ့ခိုင်လွန်းသော..မြေးငယ်လေးပါလေ..။

မြေးလေးဆတ်..ကရော
သူမ...အသွေးအသားမှပေါက်ဖွားခဲ့သည်
မဟုတ်သော်လည်း
ရင်နှင့်ချစ်ခဲ့ရသောပါသော.ဆတ်လေး..။

ကြယ်ခြွေသူ (Completed)Donde viven las historias. Descúbrelo ahora