Unicode
အဆုံးအစမရှိတဲ့ကောင်းကင်ပြာကို
ငေးမောမိရင်း
သက်ပြင်းတခုကို ခပ်ဖွဖွချမိတော့
စိတ်အစုံက..အနည်းငယ်ပေါ့ပါးသွားသယောင်...ပါပင်..။အဝါရောင်ခပ်ဖျော့ဖျော့ရှပ်..လက်ဖျားလေးကို
အသာခေါက်တင်လိုက်ရင်းကျောင်းသွားဖို့ပြင်လိုက်သည်..။
"ဟေ့ကောင်..နှိုင်းငယ်..''
သူ့နာမည်ခေါ်သံကြားလို့
လှည့်ကြည့်မိတော့လမ်းယမ်းပြနေတဲ့
သူ့သူငယ်ချင်းများ..ပြန်ပြုံးပြလိုက်ရင်းကျောင်းသွားတဲ့လမ်းတလျှောက်
မပျင်းရအောင်..စနောက်နေကြသဖြင့်
သူ အသာပဲရယ်မောနေမိသည်..။"သိလားနှိုင်းငယ်..မနေ့ကဒီကောင်လေ..စာထည့်ပေးလိုက်တာ
သူ့ကောင်မလေးရဲ့အဒေါ်ကိုမှားပေးလိုက်တာတဲ့ကွ
ဟိုကခုသူ့ကိုအဖြေပေးမလ့ို်..အသည်းအသန်
လိုက်ရှာနေတာ..ပတ်ပြေးနေရလေရဲ့..ဟားဟား..''"မင်းကိုမပြောဖို့်..ငါမှာထားတယ်လေငနာရဲ့..''
"ငါကလူစုံတုန်းရှင်းပြတာပါကွာ..''
သူ့သူငယ်ချင်းငပေါနှစ်ကောင်းအကြောင်းသိသူမို့
စကားနည်းသူ..သူ..ဘာမှဝင်မပြောဖြစ်
ဒိုင်ခံသာရယ်နေမိသည်..။ရုတ်တရက်သူတို့ကျောင်းရှေ့အရောက်
ဝူးခနဲ..ဖြတ်ကာ
ခပ်လှမ်းလှမ်းမှာ
ရပ်လိုက်တဲ့..ကားတစ်စင်း...အဲခေတ်က..ဒီလိုကားမျိုးစီးနိုင်တဲ့သူ
ရှားသည်မို့
ဘာရယ်မဟူတ်..သူတို့ငေးကြည့်နေမိကြသည်..။ခဏအကြာ
ကားထဲမှာအေးဆေးစွာ...ဆင်းလာသည့်လူ
ကြောင့်
သူတို့်အပါအဝင်
ကျောင်းထဲရှိလူတိုင်းနီးပါး.ငေးမောမင်သက်
သွားကြရသည်..။နေကာမျက်မှန်တပ်ထားသော်ညား
နီရဲတဲ့နှုတ်ခမ်းပါးနဲ့
ဖြောင့်စင်းသောနှာတံ..ထင်ရှားတဲ့မေးရိုးက
မြင့်မားလှသောအရပ်အမောင်းနဲ့
တကယ်လိုက်ဖက်စွာပင်..။လှသည်ဆိုလို့ရသော
မိန်းကလေးတော်တော်များများ..တွေ့ဖူးသော်လည်း
ရင်မခုန်ခဲ့သောနှိုင်းငယ်ဆိုသည့်ကောင်လေးရဲ့
နှလုံးသားတစ်စုံသည်
![](https://img.wattpad.com/cover/107534308-288-k527403.jpg)