Unicode
23ရက်.Mayလ.2017
လှမ်းကြည့်မိသော ပြက္ခဒိန် ကနှစ်ပတ်ကျော်ကာလကို
အတိအကျညွှန်းဆိုနေသည်..။ကျနော်နဲ့မာန်နဲ့စတွေ့ခဲ့တာ7ရက်နေ့ထဲက
ရက် လများကိုအမှတ်သညာမထားတတ်သော
ကျနော့်အကျင့်သည်
သူနဲ့ဆုံတွေ့ချိန်စက္ကန့်လေးတွေကအစ
အသေးစိတ်မှတ်မိကာ တန်ဖိုးထားမိနေတတ်သည်ညနေတိုင်းမာန်သည်ရေကန်ဘေးရှိ ခုံတန်းလေးနားမှာကျနော့်ကိုလာရောက်စကားပြောတတ်သည်
ရင်ဖွင့်သည် ဆိုပိုမှန်မလား
ချမ်းသာသောသူ့မိဘအိမ်သည်
သားကြီးဖြစ်သောသူ့အားအနုပညာအလုပ်ကိုအားမပေးခဲ့..။ကိုယ်ပိုင်စီးပွားရေးသာ ဦးဆောင်စေလိုသည်
မွန်းကျပ်သော အသိုင်းအဝိုင်း ကြား
ထုတ်ဖော်ဖို့အခွင့်မသာဟန်ရှိသော
သူ့ရဲ့ရင်ဖွင့်ဖော်သည်ကျနော်ဖြစ်လာခဲ့သည်သူနဲ့ကျနော်စတွေ့တာလဲနှစ်ပတ်ကြာခဲ့ပြီ
နှစ်ပတ်
နှစ်ပတ်ဆိုသောအချိန်ကာလသည်
ကျနော့်အတွက်တော့
လူတစ်ယောက်ကိုချစ်မိသွားဖို့အတွက်
လုံလောက်တဲ့အချိန်ကာလတစ်ခုပင်ယောကျ်ား လေးခြင်းမဖြစ်သင့်ဘူးဟု
မချစ်သင့်ဘူးဟူသောသတိပေးမှုတို့သည်မဟော်ဂနီရောင် ဆံနွယ်တွေ
ကိုငေးမောရင်းစူးရှတဲ့သူ့မျက်ဝန်းတွေကိုပုံဖော်ရင်း
သြရှရှ သူ့စကားသံတို့ကိုအမြတ်တနိုး နားဆင်ခံစားရင်းကွယ်ပျောက်သွားတတ်သည်..။
ဟုတ်တယ်
ရိုးရှင်းစွာပဲကျနော်သူ့ကိုချစ်သွားခဲ့ပါတယ်..ဖယသတ်မှတ်ချက်တို့
ဂုဏ်ပကာသနတို့် ဘာစွန်းထင်းမှုမှမပါဘဲ
ခွဲခြားသတ်မှတ်မှုကင်းမဲ့လျက်..
လူသားတစ်ဦးကို
ကျနော်နှစ်နှစ်ကာကာချစ်ခဲ့ခြင်းပင်ကျနော်ခင်ဗျားကိုချစ်တယ် မာန်...
...
ခုံတန်းပေါ်မှာတွေ့ရတဲ့
အနီရောင်ဝိုးတဝါး ပုံရိပ်လေးကြောင့်
အသာပြုံးကာ
![](https://img.wattpad.com/cover/107534308-288-k527403.jpg)