Part.12

62K 6.5K 1.1K
                                    

Unicode

ငိုရင်းဘယ်အချိန်.အိပ်ပျော်သွားမှန်းတောင်မသိနိုးလာတော့....
ကျနော်အိပ်ပျော်နေတာ..ရင်ခွင်တစ်ခုရယ်
ဘယ်သူ့ရင်ခွင်..။
အသာမော့ကြည့်လိုက်တော့.ဆတ်ပင်...။

ရင်ခွင်ထဲ...ထည့်ထားပြီးတော့
ကျနော့်ကိုယ်ကို...ဘယ်လက်နဲ့ထိန်းထားရင်း....

ခေါက်စားပွဲအသေးကို....ကုတင်ပေါ်ရွှေ့ယူပြီး..ညာလက်တဖက်ထဲနဲ့အလုပ်လုပ်နေတာ...။

လက်တွေမညောင်းဘူးလားမသိ.။

နာရီကြည့်မိတော့ည6နာရီ..
ဟမ်!! .အိပ်ချင်စိတ်တောင်.. ပျောက်ကာ
ငေါက်ခနဲထထိုင်မိသည်..။

နေ့လည်1နာရီထဲကအိပ်ပျော်နေတာ
ဒါဆို5နာရီတောင်ရှိရောပေါ့.. ။

ကျနော့်ကိုအသာထိန်းကာ..ဖတ်ထားသည့်
ဆတ်ရဲ့ဘယ်ဘက်လက်ကိုကိုင်ကြည့်တော့..

ထင်မိသည့်အတိုင်းပင်....အချိန်တော်တော်ကြာကြာသွေးလေမလျှောက်လို့ဖြစ်မည်
အေးစက်ကာတောင့်နေပြီ....။

"ဆတ်..ခေါင်းအုံးပေါ်ပြောင်းသိပ်လေကွာ
အခုတော့မင်းလက်အေးစက်ပြီးတောင့်နေပြီ..''
.
ဆတ်ကအသာပင်ပြုံးကာခေါင်းခါပြသည်..။
ကျနော့်ရဲ့အိပ်ရာထစ.ရှုပ်ပွနေတဲ့ဆံပင်ညိုညိုတွေကိုသပ်တင်ပေးရင်း
"လွမ်းနိုးသွားမှာပေါ့..ပြီးတော့ညောင်းတယ်တောင်မထင်ပါဘူး....''

တကယ်ပင်စိတ်မကောင်းဖြစ်မိရင်း..။

ဆေးပုံးထဲက..ဆေးယူကာလိမ်းပေးးပြီး
အသာနှိပ်ပေးမိတော့ငြိမ်ကာခံနေသည်..။

"နောက်ခါအဲလိုမလုပ်နဲ့တော့ကြားလား..အခုတော့ကြည့်..လက်ကအရမ်းနာနေပြီမလား..''

"ရပါတယ်ဆိုလွမ်းရယ်...ပွစိပွစိနဲ့ကိုယ့်မိန်းမလေး.အဟိ''

"ငါယောကျာ်းနော်.''

"သိပါတယ်..လာ.ထသွားရအောင်..''

"ဘယ်သွားမှာလဲ ''

"ပြိုင်ပွဲအတွက်လိုတယ်ဆို.လိုက်ဝယ်ပေးမလို့လေ...စိတ်မချလွန်းလို့ခင်ဗျားလေးကို
ကျနော်မျိုးနဲ့ပဲအပြင်ထွက်တော်မူပါ..''

ဆတ်စကားကြောင့်ခုနကရန်ဖြစ်ခဲ့တာအမှတ်ရသွားသည်..။ဆတ်သည်ဘယ်တော့မှကျနော့်ကိုကြာကြာစိတ်ဆိုးလေ့မရှိပေ..။

ကြယ်ခြွေသူ (Completed)Where stories live. Discover now