Unicode
ကျောင်းကလဲပိတ်ထားသလိုကိစ္စ ရှိလို့
မာန်ကလဲရှုတင်ခွင့်ယူထားသည်ဟုပြောသဖြင့်အိမ်မှာပဲ.....အေးအေးဆေးဆေး
နေရန်စိတ်ကူးလိုက်သည်ကော်ဖီတခွက်ဖျော်ကာ
သံပုရာသီး တစိတ်ညှစ်ထည့်လိုက်ပြီး
ကျောင်းကအပြီးဆွဲရန်ပေးလိုက်သည့်
ဒီဇိုင်းပုံများကိုဆွဲရန်အသင့်ပြင်လိုက်သည်။...အပေါ်ရှပ်ကို..အဝါနုနုအဖျော့ရောင်ဘက်သုံးသဖြင့်အောက်ခံအကျီၤကို
စစ်ရောင်ရင့်ရင့်သုံးရန်စဉ်းစားလိုက်သည်....ခဲတံနဲ့အကြမ်းဆွဲကြည့်နေစဉ်
"လွမ်းရေ..ငါလာတယ်ဟ'''သေပြီ.ဆရာ!!!
သာလိကာနဲ့အမျိုးစပ်ကာ
ကြက်တူရွေးနဲ့အမျိုးတော်သူ
စာကလေးနဲ့ဘဝဟောင်းကရေစက်ရှိခဲ့ပုံရတဲ့
အမောင်ဆတ်ရောက်လာပါကကျနော့်ရဲ့အာရုံထည့်ရမည့်
စိတ်တို့သည်သောင်ပြင်တွင် ထင်ကျန်အပ်သောခြေရာကဲ့သို့ရေးရေးပင်မမြင်ရတော့..."လွမ်းရေ...လွမ်း..လို့
လွမ်းရေ'''"ဆတ်..ဘာလာလုပ်တာလဲ
သွား..ပြန်တော့
ငါမအားဘူး..စာလုပ်ရမှာ
ခုပြန်တော့....'''.အပေါက်ဝမှာစီးကာ ကြိုသည့်
ကျနော့်ရဲ့ပျူငှါဖော်ရွေပုံကြောင့်
တော်ရုံတန်ရုံလူဆို မျက်နှာပျက်မည်မှန်သော်လည်းရှိုင်းဆတ် ကဖြင့်ပန်းနဲ့ပေါက်သလောက်ပင်
သဘောထားပုံရကာ"ပြန်ပါဘူး..ဝင်မှာ..ဟီး'''
"မင်းအနှောင့်အယှက်မပေးရဘူးနော်'''
"အေးပါ...ဒီမှာငါလဲစာတူတူလုပ်မလို့''
UFLကျောင်းသားပီပီ
ဂျပန်ဘာသာစကား စာအုပ်ကြီးရှေ့ချကာ
ခပ်တည်တည်ထိုင်ရင်း""လာလေ..လွမ်း.အဲလိုကြီးရပ်မနေနဲ့လာ
ဒီနားလာထိုင်'''ဖြစ်ရတယ်.မသိရင်
ကျနော်ကပဲသူ့အခန်းဝင်နေသလိုလို...ယောကျ်ား ပီပီမျက်စောင်းတချက်ထိုးရင်း
ဆွဲလက်စကိုပြင်လိုက်သည်စစ်ရောင်ရရန်...အစိမ်းရင့်ရင့် ကိုအညိုနဲ့သေချာရောနေတုန်းမှာ...